အင်​ဒို​နီးရှား​​ ​က​ရာ​တေး​ဒိုင်​အား​​ ​တိုက်​ခိုက်​မှု​အ​တွက်​​ ​မ​လေး​ရှား​ရဲ​သုံးဦး​ကို​ ထောင်​ဒဏ်​ချ​မှတ်

alt

အင်​ဒို​နီး​ရှား​မှ​​ ​က​ရာ​တေး​ ​ဒိုင်​တစ်ဦး​အား​​ ​တိုက်​ခိုက်​ခဲ့​မှု​အ​တွက်​ ​မ​လေး​ရှား​ ​ရဲ​သုံးဦး​အား​ ​ထောင်​ဒဏ်​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​လွန်​ခဲ့​သော​ ​၃​ ​နှစ်​က​ ​မ​လေး​ရှား​သို့​ ​အာ​ရှ​က​ရာ​တေး​ ​ချန်​ပီ​ယံ​ပြိုင်​ပွဲ​အ​တွက်​ ​ရောက်​ရှိ​လာ​သည့်​ ​ဒိုင်​လူ​ကြီး​ဖြစ်​သူ​ ​ဒို​နယ်​ပီ​တာ​ ​လူ​သာ​ ​ကို​လိ​ပီ​သာ​အား​ ​ထိ​ခိုက်​ဒဏ်​ရာ​ ​ရ​စေ​ခဲ့​မှု​အ​တွက်​ ​အ​သက်​ ​၄၂​ ​နှစ်​ရှိ​ ​အက်​ဘ​ဒူ​အဇစ်​ရှမ်​ဆူ​ဒင်​၊​ ​၃၅​ ​နှစ်​အ​ရွယ်​ ​အ​ဒီ​ဆီ​ဘီ​နှင့်​ ​၂၂​ ​နှစ်​ရှိ​ ​ကွန်း​ဟယ်​မီ​ဟူ​စိန်​ ​ဆူ​က​ရီ​တို့​ ​၃​ ဦး​အား​ ​မ​လေး​ရှား​ ​တ​ရား​ရုံး​တစ်​ခု​က​ ​ထောင်​ဒဏ်​ ​၃​ ​နှစ်​စီ​ ​ချ​မှတ်​လို​က်​သည်​။​ ၎င်း​တို့​သည်​ ​၂၀၀၇​ ​ခု​နှစ်​၊​ ဩ​ဂုတ်​လ​ ​၂၄​ ​ရက်​နေ့​က​ နီ​လိုင်​ရှိ​ Universiti Sains Islam Malaysia hostel​​ ရှေ့​တွင်​ ကိုယ်​ထိ​လက်​ရောက်​ ​တိုက်​ခိုက်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ကို​လို​ပီ​သာ​သည်​ ​ထို​စဥ်​က​ ​အင်​ဒို​နီး​ရှား​ ​က​ရာ​တေး​ ​လက်​ရွေးစင်​ ​အ​သင်း​နှင့်​အ​တူ​ ​မ​လေး​ရှား​သို့​ ​ရောက်​ရှိ​နေ​ပြီး​ ​ထို​ကိ​စ္စ​ ​ဖြစ်​ပေါ်​လာ​ချိန်​တွင်​ ​မ​လေး​ရဲ​များ​၏​ ​လုပ်​ရပ်​အား​ ​ကန့်​ကွက်​သည့်​ ​အ​နေ​နှင့်​ ​အင်​ဒို​နီး​ရှား​ ​အ​သင်း​မှာ​ ​ပြိုင်​ပွဲ​မှ​ ​နှုတ်​ထွက်​သွား​သည်​။​ ​ရဲ​များ​သည်​ ​နည်း​ပြ​ဖြစ်​သူ​အား​ ​လက်​ထိပ်​ခတ်​ပြီး​ ​ရိုက်​နှက်​ကန်​ကျောက်​ခဲ့​ကြောင်း​ ​မျက်​မြင်​များ​က​ဆို​သည်​။​ ​ရှေ့​နေ​များ​က​ ​အ​တိုက်​ခိုက်​ ​ခံ​ရ​သူ​သည်​ ​ထို​အ​ချိန်​တွင်​ ​ရဲ​များ​စွပ်​စွဲ​သ​လို​ ​အ​ရက်​သေ​စာ​ ​သောက်​စား​ထား​ခြင်း​ ​မ​ရှိ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​

တ​ရား​ရုံး​က​ ​ဖြစ်​စဥ်​အ​ခြေ​အ​နေ​ ​အ​သေး​စိတ်​ကို​ ​ကာ​လ​ရှည်​ကြာ​ ​လေ့​လာ​မှု​များ​ ​ပြု​လုပ်​ပြီး​နောက်​ ​အ​မှု​အ​တွက်​ ​စီ​ရင်​ချက်​ကို​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ချ​မှတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here