ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲတွင် ဖာနန်ဒိုအလွန်ဆို ပြန်လည်ဦးဆောင်

alt

ကို​ရီး​ယား​​ ​ဂ​ရင်း​ပ​ရီ​တွင်​ ​အောင်​ပွဲ​ခံ​ခဲ့​ပြီး​နောက်​​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ပြိုင်​ပွဲ​ ​အ​မှတ်​ပေး​ဇ​ယား​တွင်​ ​ဖာ​နန်​ဒို​ ​အ​လွန်​ဆို​က​ ​ပြန်​လည်ဦး​ဆောင်​ခွင့်​ ​ရ​ရှိ​လာ​ပြီ​ဖြစ်​သည်​။​

​ဖာ​ရာ​ရီ​ ​ကား​အ​သင်း​၏​ ​အား​ထား​ရ​သော​ ​အ​လွန်​ဆို​ ​တောင်​ကို​ရီး​ယား​တွင်​ ​အောက်​တို​ဘာ​ ​၂၄​ ​ရက်​နေ့​က​ ​ပြု​လုပ်​သည့်​ ​ပြိုင်​ပွဲ​အ​တွင်း​ ​ဗိုလ်​စွဲ​ခဲ့​သော်​လည်း​ ​ဖာ​ရာ​ရီ​၏​ ​အ​ဓိ​က​ပြိုင်​ဖက်​ ​ရက်​ဘူး​အ​သင်း​မှ​ ​ကား​မောင်း​သ​မား​များ​ ​ပန်း​ဝင်​သည်​အ​ထိ​ ​မ​ယှဥ်​ပြိုင်​နိုင်​ခဲ့​ကြ​ချေ​။​ ​ထို့​ကြောင့်​လည်း​ ​ယ​ခင်​က​ ​အ​မှတ်​ပေး​ဇ​ယား​တွင်​ ဦး​ဆောင်​နေ​သည့်​ ​ရက်​ဘူး​ ​ကား​မောင်း​သ​မား​ ​မတ်​ဝက်​ဘာ​သည်​ ​တန်း​စီ​ဇ​ယား​တွင်​ ​အ​လွန်​ဆို​အား​ ​ကျော်​တက်​ခွင့်​ ​ပေး​လိုက်​ရ​သည်​။​

​ဝက်​ဘာ​၏​ကား​ ​အင်​ဂျင်​ပြတ်​သွား​ပြီး​နောက်​ ​၁၀​ ​ပတ်​မောင်း​အ​ပြီး​တွင်​ ​ပြိုင်​ပွဲ​မှ​ ​ထွက်​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​လက်​ရှိ​တွင်​ ​အ​လွန်​ဆို​ ​၂၃၁​ ​မှတ်​၊​ ​ဝက်​ဘာ​၏​ ​ရ​မှတ်​က​ ​၂၂၀​ ​ဖြစ်​နေ​ရာ​ ​ချန်​ပီ​ယံ​ဆု​အ​တွက်​ ​မျှော်​လင့်​နိုင်​ဆဲ​ဖြစ်​သည်​။​ ​ဗြိ​တိန်​မှ​ ​နာ​မည်​ကျော်​ ​ကား​မောင်း​သ​မား​ ​လူး​ဝစ်​ဟယ်​မီ​တန်​က​ ​ရ​မှတ်​ ​၂၁၀​ ​ရ​ရှိ​ထား​သော်​လည်း​ ​မျှော်​လင့်​ချက်​ ​အ​တန်ငယ်​ ​နည်း​သွား​ပြီး​ဖြစ်​သည်​။​ ​ဂျေ​ဆင်​ဘာ​တန်​မှာ​မူ​ ​နံ​ပါတ်​ ​၁၂​ ​နေ​ရာ​မှ​ ​ပန်း​ဝင်​ခဲ့​ပြီး​နောက်​ ​ချန်​ပီ​ယံ​လောင်း​ ​စာ​ရင်း​မှ​ ​ပျက်​ပြယ်​သွား​ပြီ​ဖြစ်​သည်​။​

မာ​စီ​ဒီး​အ​သင်း​၏​ ​ဝါ​ရင့်​ကား​မောင်း​သ​မား​ကြီး​ ​မိုက်​ကယ်​ရှူ​မေ​ကာ​သည်​ ​နံ​ပါတ်​ ​၄​ ​နေ​ရာ​မှ​ ​ပန်း​ဝင်​နိုင်​ခဲ့​ရာ​ ​ယ​ခု​နှစ်​ ​ပြိုင်​ပွဲ​ရာ​သီ​တွင်​ ၎င်း​အ​တွက်​ ​အ​ကောင်း​ဆုံး​အ​ဆင့်​ ဖြစ်​လာ​သည်​။​ ​ဝီ​လျံ​အ​သင်း​မှ​ ​ရူ​ဘင်​ဘာ​ရီ​ခယ်​လို​နှင့်​ ​နစ်​ကိုး​ဟက်​ကင်​ဘတ်​တို့​မှာ​ ​နံ​ပါတ်​ ​၇​ ​နှင့်​ ​၁၀​ ​တို့​မှ​ ​အ​သီး​သီး​ ​ပန်း​ဝင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here