​သ​မီး​နှစ်ဦး​ကို​ ​ဆာ​မူ​ရိုင်း​ဓား​နှင့်​ ​အ​ဆုံး​စီ​ရင်​ခဲ့​သည့်​ ​အ​မျိုး​သ​မီး

alt

အ​မေ​ရိ​ကန်​နိုင်ငံမှ​ ​အ​မျိုး​သ​မီး​ တစ်ဦး​သည်​ ​၃​ ​နှစ်​အ​ရွယ်​ ​အ​မြွှာ​သ​မီးငယ်​များအား​ ​ဂျ​ပန်​ရိုး​ရာ​ ​ဆာ​မူ​ရိုင်း​ ​ဓား​ရှည်​ဖြင့်​ ​ခုတ်​သတ်​ပြီး​ ​မိ​မိ​ကိုယ်​ကိုယ်​လည်း​ ​ထို​ဓား​ဖြင့်​ပင်​ ​အ​ဆုံး​စီ​ရင်​ရန်​ ​ကြိုး​ပမ်း​ခဲ့​မှု​ဖြင့်​ ​စွပ်​စွဲ​ခံ​ထား​ရ​ကြောင်း​ သိ​ရ​သည်​။​

​အ​သက်​ ​၂၈​ ​နှစ်​ရှိ​ ​မော်​နီ​ကာ​ ​မက်​ကာ​ရစ်​မှာ​ ​ယ​ခု​အ​ခါ​ ​လူ​သတ်​မှု​၊​ ​သေ​ကြောင်း​ကြံ​မှု​များ​ဖြင့်​ ​တ​ရား​စွဲ​ ​ခံ​ထား​ရ​သည်​။​ ​မော်​နီ​ကာ​သည်​ ​သ​မီး​လေး​ ​နှစ်ဦး​အား​ ​​သတ်​ဖြတ်​ပြီး​နောက်​ ​အ​လောင်း​များ​ကို​ ​ကယ်​ဆယ်​ရေး​များ​ ​အ​လွယ်​တ​ကူ​ ​မ​ဝင်​နိုင်​အောင်​ ​ပိတ်​ဆို့​ထား​သည့်​ ​တိုက်​ခန်း​တံ​ခါး​ရှေ့​ ​ကြမ်း​ပြင်​တွင်​ ​ချ​ထား​သည်​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ​ထို​တိုက်​ခန်း​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​မီး​လောင်​မှု​တစ်​ခု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​မီး​သတ်​တပ်​ဖွဲ့​များ​က​ ​မော်​နီ​ကာ​၏​ ​အ​ခန်း​အား​ ​အ​တင်း​ချိုး​ဖျက်​ ​ဝင်​ရောက်​ရာ​မှ​ ​က​လေး​အ​လောင်း​များ​ကို​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​မော်​နီ​ကာ​ ​ကိုယ်​တိုင်​မှာ​လည်း​ ​လည်​ပင်း​တွင်​ ​ဆာ​မူ​ရိုင်း​ ​ဓား​ဒဏ်​ရာ​ဖြင့်​ ​က​လေး​နှစ်ဦး​အ​နီး​ ​လဲ​လျက်​ရှိ​သည်​။​ ​အ​သက်​မ​သေ​သေး​သော​ ​မော်​နီ​ကာ​ကို​ ​ဆေး​ရုံ​တွင်​ ​ကု​သ​ပေး​ခဲ့​ပြီး​ ​ဆေး​ရုံ​မှ​ ​ဆင်း​ခွင့်​ရ​သည်​နှင့်​ ​စွဲ​ချက်​တင်​မည်​ဖြစ်​သည်​။​ အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ​သ​နား​စ​ရာ​ ​မိန်း​က​လေး​တစ်ဦး​မှာ​ ​ခေါင်း​ဖြတ်​ခံ​ထား​ရ​ပြီး​ ​ကျန်​တစ်ဦး​မှာ​ ​ဗိုက်​တွင်​ ​အ​ချက်​ပေါင်း​များ​စွာ​ ​ဓား​ဖြင့်​အ​ထိုး​ခံ​ထား​ရ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ကယ်​လီ​ဖိုး​နီး​ယား​တွင်​ ​နေ​ထိုင်​သော​ ​အ​မျိုး​သ​မီး​သည်​ ​က​လေး​များ​ကို​ ​သတ်​ပြီး​နောက်​ ​မိ​မိ​လည်​ပင်း​ကို​ ​ကိုယ်​တိုင်​ဓား​ဖြင့်​လှီး​ကာ​ ​တိုက်​ခန်း​ကို​ ​မီး​တင်​ရှို့​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း ​ရဲ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရဲ​များ​က​ ​ယ​ခု​သတ်​ဖြတ်​မှု​တွင်​ ​က​လေး​များ​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​အ​သက်​ ​၃၈​ ​နှစ်​အ​ရွယ်​ ​မိုက်​ကယ်​ဘော​နှင့်​ ​ဆက်​စပ်​နေ​ခြင်း​ ​ရှိ​မ​ရှိ​ စုံ​စမ်း​လျက်​ရှိ​သည်​။​ ​

လက်​ရှိ​တွင်​ ​မော်​နီ​ကာ​သည်​ ​ရ​ရှိ​ထား​သော​ ​ဒဏ်​ရာ​ကြောင့်​ ​ရဲ​များ​၏​ ​မေး​မြန်း​မှု​ကို​ ​မ​ခံ​ရ​သေး​သော်​လည်း​ အ​ချက်​အ​လက်​ပေါင်း​ ​များ​စွာ​က​ ​သူ​မ​အား​ ​လူ​သတ်​တရား​ခံ​အ​ဖြစ်​ ​ညွှန်​ပြ​နေ​သည်​။​ ​သူ​မ​သည်​ ​ယ​ခင်​က​လည်း​ ​မူး​ယစ်​ဆေး​ဝါး​ ​သုံး​စွဲ​မှု​ဖြင့်​ ​အ​ဖမ်း​ခံ​ရ​ဖူး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here