ကြမ်း​တမ်း​စွာ​ ​ပစ်​ခတ်​မှု​များ​ပါ​ဝင်သည့်​ ​ဂိမ်း​များ​က​ ​က​လေး​များ​၏​ ​အ​မူ​အ​ကျင့်​ကို​ပြောင်း​လဲ​စေ

alt

ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်မှုများ ပါဝင်သည့် ရုပ်ရှင် ဇာတ်ကားများ၊ ဂိမ်းများသည် ကလေးများ၏ အမူ အကျင့်ပိုင်းကို ပြောင်းလဲ စေကြောင်း သုတေသီများက သတိပေး ပြောကြား ခဲ့သည်။

အထူးသဖြင့် ငယ်ရွယ်သော ယောက်ျား လေးများသည် ကြမ်းတမ်း ခက်ထန်သော ဂိမ်းနှင့် ဇာတ်ကားများကြောင့် ပိုမိုရန်လို တိုက်ခိုက် လိုစိတ် ပြင်းထန် လာ တတ်ကြောင်း သိရသည်။ အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြား ယောက်ျားလေး အများစု၏ စိတ်ပိုင်း ရုပ်ပိုင်း ဓလေ့စရိုက် ပြောင်းလဲမှုများကို လေ့လာ ခဲ့သည့် ပညာရှင်များက ကလေးများ မြင်ကြား ထိတွေ့နေသည့် မြင်ကွင်းများမှ ဦးနှောက် အပေါ် လှုံ့ဆော် သက်ရောက်မှု ကြီးကြီးမားမား ရှိလာ တတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ၊ မေရီလန်းရှိ Bethesda ကျန်းမာရေး ဌာနမှ ဦးဆောင် သုတေသီ ဒေါက်တာ ဂျော်ဒန်ဂက်ဖ်မင်းက မြီးကောင်ပေါက် အရွယ်များသည် ပတ်ဝန်းကျင် ထိတွေ့မှုကို အများဆုံး လှုံ့ဆော် ခံရပြီး ၎င်းတို့ နှစ်သက် စွဲလန်းသည့် ရုပ်ရှင်နှင့် ဂိမ်းများမှ ကြမ်းတမ်းမှုများကို ဦးနှောက်တွင် အလွယ်တကူ လက်ခံသွားပြီး အမူအကျင့်ပိုင်း ဆိုးရွား လာတတ်ကြောင်း ရှင်းပြခဲ့သည်။

ဂိမ်း အလွန်အကျွံ ကစားခြင်းကဲ့သို့ အခြေအနေမျိုးတွင် ဆော့ကစားသည့် ဂိမ်း အမျိုးအစား အလိုက် ပါရှိသော လှုံ့ဆော်မှုများသည် သာမန်အနေအထားမျိုး ရှိနေသည့် လူငယ်များ၏ အမူအကျင့်ကို ပြောင်းလဲစေတတ်ကြောင်း ၎င်းကဆိုသည်။ သုတေသီများသည် အလားတူ လေ့လာမှုမျိုး မိန်းကလေးများတွင် ပြုလုပ်ခဲ့သော်လည်း မိန်းကလေးများသည် ဂိမ်းနှင့် ဇာတ်ကားများကြောင့် ကြမ်းတမ်းခက်ထန်သော အမူအကျင့်များ ဖြစ်လာခြင်းမျိုး ယေဘုယျအားဖြင့် မတွေ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here