​​အ​မေ​ရိ​ကန်​မြို့​တော်ဝန်​တစ်ဦး​​ ​ရာ​ဇဝတ်​မှု​များ​ဖြင့်​​ ​စွဲ​ချက်​တင်​ခံ​ရ

alt

အ​မေ​ရိ​ကန်​မှ​​ ​လူ​သိ​များ​သော​ ​မြို့​တော်​ဝန်​တစ်ဦး​မှာ​​ ​ဓား​ပြ​မှု​၊​ ရန်​ပြု​တိုက်​ခိုက်​မှု​၊​​ ​အ​သေး​စား​ ​ရာ​ဇ​ဝတ်​မှု​များ​နှင့်​​ ​စွဲ​ချက်​တင်​ခြင်း​ ​ခံ​ထား​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ဆန်​ဂါ​ဘ​ရီ​ရယ်​ ​မြို့​တော်​ဝန်​ဖြစ်​သူ​ ​အ​သက်​ ​၃၅​ ​နှစ်​ရှိ​ ​အဲ​ဘတ်​ဟွမ်​မှာ​

​အ​မျိုး​သ​မီး​တစ်ဦး​၏​ ​ပိုက်​ဆံ​အိတ်​ကို​ ​လု​ယူ​ကာ​ SUV​​ ကား​အ​တွင်း​ ​ဝင်​ရောက်​ပြီး​ ​မောင်း​ပြေး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​အောက်​တို​ဘာ​ ​၁၅​ ​ရက်​နေ့​က​ ​ဖြစ်​စဥ်​တွင်​ ​အ​မျိုး​သ​မီး​သည်​ ​မြို့​တော်​ဝန်​ကို​ ​တား​ဆီး​ရန်​ ​ကြိုး​စား​ခဲ့​သော်​လည်း​ ​ဟွမ်​က​ ​အ​မျိုး​သ​မီး​ကို​ ​မ​ရှောင်​ဘဲ​ အ​တင်း​ကား​ဖြင့်​ဝင်​တိုး​သော​ကြောင့်​ သူ​မ​သည်​ ​ဟွမ်​အား​ ​လက်​လွှတ်​ပေး​လိုက်​၇​ကြောင်း​ ​ယင်း​အ​မျိုး​သ​မီး​က​ဆို​သည်​။​ ​နောက်​ပိုင်း​တွင်​ ​ရဲ​များ​သည်​ ​ဟွမ်​ကို​ ​ခေ​တ္တ​ထိန်း​သိမ်း​ခဲ့​ပြီး​ ​အာ​မ​ခံ​ကြေး​ ​ဒေါ်​လာ​တစ်​သိန်း​ဖြင့်​ ​ပြန်​လွှတ်​ပေး​ခဲ့​သည်​။​

​ဟွမ်​သည်​ ​ဥ​ယျာဥ်​တစ်​ခု​တွင်​ ​အ​မျိုး​သ​မီး​နှင့်​ ​ငွေ​ကြေး​ကိ​စ္စ​ ​အ​ခြေ​အ​တင်​ ​စ​ကား​များ​ပြီး​နောက်​ ​ယ​ခု​ကဲ့​သို့​ ​သူ​မ​၏​ ​ပိုက်​ဆံ​အိတ်​ကို​ ​လု​ယူ​ကာ​ ​ကား​မောင်း​ထွက်​ခဲ့​ခြင်း​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ​ဖြစ်​စဥ်​ကို​ ​တွေ့​လိုက်​သော​ ​အ​နီး​ရှိ​ ​လုံ​ခြံု​ရေး​ ​ဝန်​ထမ်း​တစ်ဦး​က​ ​တစ်​နာ​ရီ​ ​၇၂​ ​မိုင်​နှုန်း​ ​မောင်း​ထွက်​သွား​သည့်​ ​ဟွမ်​၏​ကား​ကို​ ​အ​မီ​လိုက်​ကာ​ ​တား​လိုက်​နိုင်​ခြင်း​ဟု​ ​သိ​ရသည်​။​

ထိုင်​ဝမ်​ဖွား​ဖြစ်​သူ​ ​ဟွမ်​သည်​ ​အ​မေ​ရိ​ကန်​တွင်​ ​၉​ ​နှစ်​သား​က​တည်း​က​ ​ရောက်​ရှိ​နေ​ခြင်း​ဖြစ်​ပြီး​ ​ယ​ခု​အ​ခါ​ ​အိမ်​ထောင်​ကျ၍​ ​က​လေး​နှစ်ဦး​ပင်​ ​ရှိ​နေ​ပြီ​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here