မိ​ခင်​ကွယ်​လွန်​စဥ်​က​ ​မိ​မိ​ကိုယ်​ကိုယ်​ ​သတ်​သေ​ရန်​ ​စဥ်း​စား​ခဲ့​ကြောင်း​ ​ကင်​ညာဝက်စ်​ထုတ်​ဖော်​ပြော​ကြား

alt

Rap ဂီတစတား ကင်ညာဝက်စ်က ၎င်းသည် မိခင် ဖြစ်သူ ကွယ်လွန်စဥ်က အလွန် စိတ်ဓာတ်ကျပြီး မိမိ ကိုယ်ကိုယ် သတ်သေ ရန်ပင် စဥ်းစား ခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

မိခင်ဖြစ်သူ ဒေါက်တာဒွန်ဒါ ကွယ်လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ၎င်း အတွက် အလွန် ခက်ခဲသော အခြေ အနေများ ကြံုခဲ့ကြောင်း The Stronger အဆိုတော်က ဝန်ခံခဲ့သည်။ ထိုစဥ်က အချိန် အတော်များများတွင် ၎င်းသည် သေကြောင်း ကြံလိုစိတ် ပြင်းပြ နေကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ဘဝ ကို နောက်တစ်ကြိမ် အရှုံး မပေး လိုကြောင်း၊ အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်ရန် အားတင်း ခဲ့ရကြောင်း အသက် ၃၃ နှစ်ရှိ အဆိုတော်က အမေရိကန် ရုပ်မြင်သံကြား အစီအစဥ် တစ်ခုဖြစ်သည့် အီလန် ဒီဂျန်နီရီနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။

တေလာဆွစ် MTV ဆု လက်ခံရယူစဥ်က စင်ပေါ်တက်ကာ ဝေဖန် တိုက်ခိုက် ပြောဆို ခဲ့သဖြင့် လူအများ ဝေဖန်ရှုတ်ချမှု ကြံုခဲ့ရသူ ကင်ညာက ဘဝတွင် အဆိုးဆုံး အခြေအနေများ ကြံုရသည့် အခါ တိုက်ပွဲဝင်စိတ် ပြည့်ဝနေရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ကင်ညာသည် သတ်သေရန် စဥ်းစားခဲ့မှုနှင့် ပတ်သက်ပြီး ၎င်း၏ မကြာသေးမီက ထုတ်ဝေခဲ့သော Power သီချင်းတွင် “Now this would be a beautiful death – I’m jumping out the window, I’m letting everything go”ဟု ထည့်သွင်းသီဆိုထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here