က​ခုန်​ခြင်း​ပြု​လုပ်​နိုင်​သည့်​ ​စက်​ရုပ်​ ​ဂျ​ပန်​နိုင်ငံ​တွင်​ တီ​ထွင်​ပြ​သ

alt

Divabot အား ထုတ်လုပ် လိုက်ခြင်းသည် အိမ်တွင်းတွင် အပျင်းပြေ အဖော် အဖြစ် လူတူ စက်ရုပ်များ ထားရှိ လာမည့် အနာဂတ် ခေတ်နှင့် ခြေတစ်လှမ်း ပို နီးသွား စေခဲ့သည်။

မော်ဒယ်အမှတ် HRP-4C ဟု သတ်မှတ် ထားသော Divabot လူတူ စက်ရုပ်သည် လူသားနှင့်တူသော မျက်နှာမျိုး ရှိသလို လူနှင့်တူသော လှုပ်ရှားမှုများလည်း ပြုလုပ် နိုင်ကြောင်း သိရသည်။ တိုကျိုတွင် ပြသခဲ့သည့် စက်ရုပ် ပြပွဲ အတွင်း စက်ရုပ် မလေးသည် လူသား တစ်ဦးနှင့် အတော်လေး နီးနီးစပ်စပ် တူညီသည့် အက စွမ်းရည်ကို ပြသခဲ့သည်။

ဂျပန် အမျိုးသား ခေတ်မီ သိပ္ပံနည်းပညာ ဌာနမှ တီထွင်သော စက်ရုပ်သည် အဝါရောင် ဝတ်စုံကို ဝတ်ထားပြီး သူမ၏ လှူပ်ရှားမှုများ ဖြစ်သည့် ကခြင်း၊ ခုန်ခြင်းတို့ကို Mouse တစ်ခုဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ဂျပန် အမျိုးသား ခေတ်မီသိပ္ပံနည်းပညာ ဌာနသည် ဂျပန်၏ အကြီးမားဆုံး သုတေသန အဖွဲ့ကြီးဖြစ်ပြီး ပညာရှင်ပေါင်း ၃၂၀၀ ကျော် စုရုံးလုပ်ကိုင်နေသည်။ ဦးဆောင်တီထွင်သူ သိပ္ပံပညာရှင် ရှင်ချီရို နာကာဇာဝါက မိမိတို့သည် စက်ရုပ်၏ လှုပ်ရှားမှုများကို Software ဖြင့် ထိန်းချုပ်နိုင်ရန် သုတေသန ပြုလပ်ခဲ့ကြောင်း ရှင်းပြသွားသည်။

နာကာဇာဝါ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ မာဆာတာကာ ဂါတိုက Software ကို အသုံးပြုပြီး Divabot​ ၏ လှုပ်ရှားမှုများကို လူနှင့်တူသည်ထက် တူလာအောင် လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ သုတေသန အဖွဲ့သည် အဆိုပါ စက်ရုပ်၏ ကိုယ်လက်လှုပ်ရှားမှုများကို လူသားတို့၏ တီထွင်ဖန်တီးထားသော ဂီတသံစဥ်များနှင့် လိုက်လျောညီထွေ ရွေ့လျားနိုင်အောင် တီထွင်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here