ဥ​ရော​ပ​တွင်​​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​တိုက်​ခိုက်​လာ​နိုင်​ကြောင်း​ ​ဆော်​ဒီ​ထောက်​လှမ်း​ရေး​ ​သ​တိ​ပေး​ပြော​ကြား

alt

ဆော်​ဒီ​အာ​ရေ​ဗျ​​ ​ထောက်​လှမ်း​ရေး​ဌာ​န​က​ ဥ​ရော​ပ​တွင်​ ​အ​ကြမ်း​ဖက်​သ​မား​များ​​ ​တိုက်​ခိုက်​လာ​နိုင်​သည့်​​ ​အ​ခြေ​အ​နေ​ရှိ​ကြောင်း​​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။​

​အောက်​တို​ဘာ​ ​၁၈​ ​ရက်​နေ့​ ​ထုတ်​ပြန်​ချက်​သည်​ ​ပြင်​သစ်​အ​စိုး​ရ​က​ ဥ​ရော​ပ​ ​တစ်​တိုက်​လုံး​တွင်​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​ ​အ​ခြေ​အ​နေ​များ​ ​ကြံု​ရ​နိုင်​ကြောင်း​ ​တပ်​လှန့်​ပြော​ဆို​မှု​အ​ပြီး​ ​ထွက်​ပေါ်​လာ​ခြင်း​ဖြစ်​သည်​။​ ​ပြင်​သစ်​ပြည်​ထဲ​ရေး​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ဘ​ရိုက်​ဟော်​တီ​ဖော့​က​ ဥ​ရော​ပ​ ​ရုပ်​မြင်​သံ​ကြား​ ​ဌာ​န​တစ်​ခု​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​ခြိမ်း​ခြောက်​မှု​များ​ ​အ​မှန်​တ​ကယ်​ ​ရှိ​နေ​ကြောင်း​ ​ဝန်​ခံ​သွား​ခဲ့​သည်​။​

​အ​ထူး​သ​ဖြင့်​ ​ပြင်​သစ်​၊​ ​ဗြိ​တိန်​နှင့်​ ​ဂျာ​မ​နီ​နိုင်ငံ​များ​တွင်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​တိုက်​ခိုက်​လာ​နိုင်​ပြီး​ ​သ​မိုင်း​ဝင်​ ​အ​ထင်​က​ရ​ ​နေ​ရာ​များ​ဖြစ်​သည့်​ ​ပြင်​သစ်​မှ​ ​နော်​တာ​ဒိန်း​ဘု​ရား​ကျောင်း​နှင့်​ ​အီ​ဖယ်​မျှော်​စင်​၊​ ​ဂျာ​မ​နီ​နိုင်ငံ​မှ​ ​ဘ​ရန်​ဒန်​ဘတ်​ ​မုခ်ဦး​တို့​မျာ​ ​အ​ကြမ်း​ဖက်​သ​မား​များ​၏​ ​အ​ဓိ​က​ ​ပစ်​မှတ်​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​ဟော်​တီ​ဖော့​က​ဆို​သည်​။​ ​ယ​ခု​အ​ခါ​ ​ဆော်​ဒီ​အာ​ရေ​ဗျ​ ​ထောက်​လှမ်း​ရေး​ ​တပ်​ဖွဲ့​က​လည်း​ ​အယ်​ကေး​ဒါး​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​သည်​ ဥ​ရော​ပ​တွင်​ အ​ကြမ်း​ဖက်​တိုက်​ခိုက်​မှု​များ​ ​ပြု​လုပ်​လာ​မည့်​ ​သဲ​လွန်​စ​များ​ ​ရ​ရှိ​ထား​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​

​လက်​ရှိ​အ​ခြေ​အ​နေ​အ​ရ​ ​အ​မေ​ရိ​ကန်​၊​ ​ဂျ​ပန်​နှင့်​ ​စ​ပိန်​အ​စိုး​ရ​များ​သည်​ ​မိ​မိ​တို့​ ​နိုင်ငံ​သား​များ​အား​ ဥ​ရော​ပ​တွင်​ ​ခ​ရီး​သွား​လာ​သည့်​ ​ကိ​စ္စ​များ​အ​တွင်း​ ​အ​ထူး​သ​တိ​ရှိ​ရန်​ ​နှိုး​ဆော်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here