အ​မျိုး​​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ထက်​ ​အ​လှူ​အ​တန်း​တွင်​ ​ ​ပို​မို​ရက်​ရော​တတ်

alt

အ​မေ​ရိ​ကန်​တွင်​ ​ပြု​လုပ်​သော​ ​စစ်​တမ်း​တစ်​ခု​အ​ရ​ ​အ​မျိုး​သ​မီး​များ​သည်​ ​အ​မျိုး​သား​များ​ထက်​ ​အ​လှူ​အ​တန်း​တွင်​ ​ပို​မို​ရက်​ရော​တတ်​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

​အင်​ဒီ​ယား​နား​ ​တ​က္က​သိုလ်​နှင့်​ ​ပ​ရ​ဟိ​တ​ ​စင်​တာ​တို့​ ​ပူး​ပေါင်း​ကေက်​ခံ​သည့်​ ​စစ်​တမ်း​က​ ​အ​မျိုး​သ​မီး​များ​သည်​ ​ပင်​ကိုယ်​သ​ဘာ​ဝ​အ​ရ​ ​လက်​ဆောင်​ပေး​ခြင်း​၊​ လှူ​ဒါန်း​ခြင်း​တို့​တွင်​ ​အ​မျိုး​သား​များ​ထက်​ ​နှစ်​ဆ​မျှ​ ​အား​သန်​တတ်​ကြောင်း​ ​ညွှန်​ပြ​နေ​သည်​။​ ​တ​က္က​သိုလ်​၏​ ​အ​မျိုး​သ​မီး​ ​ပ​ရ​ဟိ​တ​အ​ဖွဲ့​မှ​ ​ဒါ​ရိုက်​တာ​ ​ဒီ​ဘာ​ရာ​မက်​ချ်​က​ ဝင်​ငွေ​ကောင်း​သော​၊​ ​ပ​ညာ​အ​ရည်​အ​ချင်း​ ​ပို​မို​မြင့်​မား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​အ​များ​အား​ဖြင့်​ ​ပို​မို​ရက်​ရော​တတ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ထို့​အ​ပြင်​ အ​မျိုး​သ​မီး​အ​များ​စု​သည်​ တ​စုံ​တ​ရာ​ ဝင်​ငွေ​များ​များ​စား​စား​ ​ရ​ရှိ​ပါ​က​ ​အ​မျိုး​သား​များ​ထက်​ ​ပို၍​ ​အ​လှူ​အ​တန်း​အ​တွက်​ ​သ​တိ​ရ​လေ့​ရှိ​ကြောင်း​လည်း​ ​စစ်တမ်းက​ဆို​သည်​။​

​အ​မေ​ရိ​ကန်​ ​မိ​သား​စု​ ​၈၀၀၀​ ​ကျော်​ကို​ သု​တေ​သ​န​ပြု​ ​လေ့​လာ​ခဲ့​သော​ ​ရ​လဒ်​အ​တွက်​ ​အိမ်​ထောင်​ရှင်​များ​၊​ ​အ​ပျို​၊​ ​လူ​ပျို​များ​အ​ပြင်​ ​ကွာ​ရှင်း​ထား​သူ​များ​ကို​ပါ​ ​သ​ဘော​ထား​ ​မေး​မြန်း​ခဲ့​သည်​။​ မက်​ချ်​က​ ​အ​မျိုး​သ​မီး​များ​သည်​ ​အ​ကြိမ်​များ​များ​ ​ပို​လှူ​လေ့​ရှိ​သော်​လည်း​ ​အ​မျိုး​သား​များ​က​မူ​ ​အ​ကြိမ်​နည်း​သည့်​တိုင်​ ​ပ​မာ​ဏ​များ​များ​ ​လှူ​ဒါန်း​တတ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ထို့​အ​ပြင်​ ​အ​လှူ​ဒါ​န​နှင့်​ ​ပတ်​သက်​ပြီး​ အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​အား​ ​လှုံ့​ဆော်​စည်း​ရုံး​နိုင်​မှု​သည်​ ​အ​မျိုး​သား​များ​က​ ​အ​မျိုး​သ​မီး​များ​အား​ ​ဆွဲ​ဆောင်​စည်း​ရုံး​မှု​ထက်​ အ​ရေ​အ​တွက်​ ​ပို​များ​ကြောင်း​လည်း​ ​စစ်​တမ်း​တွင်​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here