ပင်​တာ​ဂွန်စစ်​ဌာ​န​ချုပ်​အ​နီး​ ​သေ​နတ်​ ပစ်​ခတ်​မှု​များ​ ​ဖြစ်​ပွား

alt

သေနတ်သံများ ထွက်ပေါ်လာ ပြီးနောက် အမေရိကန် နိုင်ငံ၊ ဝါရှင်တန် မြို့တော်ရှိ ပင်တာဂွန် စစ် ဌာနချုပ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ် နိုင်ကြောင်း သတိပေးချက် ထုတ်ပြန် ခဲ့ရကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၀ ရက်နေ့က အဆောက်အအုံ အနီး သေနတ်ပစ်သံ အချို့ ကြားခဲ့ရကြောင်း သတင်း ပေးပို့မှုများ ရောက်လာသည့် အတွက် အဆောက် အအုံ တောင်ဖက်တွင် စုံစမ်းမှုများ ပြုလုပ် နေကြောင်း ပင်တာဂွန် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ခရစ်ပါရီနီက သတင်းထောက်များအား ပြောကြား ခဲ့သည်။ အဆောက် အအုံကို ကျည်နှစ်ချက် ထိမှန်ပြီး ပြူတင်းပေါက် တစ်ချပ်ကိုပင် ကျည်ဆံမှန် ခဲ့ကြောင်း ပင်တာဂွန်၏ လုံခြံုရေး အေဂျင်စီမှ တာဝန်ရှိသူ တယ်ရီ ဆူသာလန်က ဆိုသည်။ ထိုမှန်များသည် ကျည်ကာ ဖြစ်သောကြောင့် မည်သည့် ပျက်စီးမှုမျှ မရှိချေ။ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တိတိကျကျ မသိ ရသေးသလို တစ်စုံ တစ်ဦး ထိခိုက် ဒဏ်ရာရသော သတင်းမျိုးလည်း မကြားရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော်လည်း စစ်ဌာနချုပ် အနီးတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ် နိုင်ကြောင်း အရေးပေါ် အခြေအနေကို ထုတ်ပြန်ပေးခဲ့သည်။ သတင်းပေးပို့မှု ရရှိပြီးနောက် ပင်တာဂွန်မှ ဝင်ပေါက်များကို ပိတ်ထားပြီး လုံခြံုရေးကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း အမျိုးသား ပြတိုက်တွင် အလားတူ ပစ်ခတ်မှုမျိုး ဖြစ်ပေါ်ခဲ့သေးကြောင်း ရဲများကဆိုသည်။ ပင်တာဂွန်မှ တောင်ဖက် မိုင် ၃၀ အကွာတွင် သေနတ်ပစ်ခတ်သော အသံကို ကြားခဲ့ရသော်လည်း မည်သူ့ကိုမျှ ထိခိုက်ခြင်း မရှိချေ။

ရဲတပ်ဖွဲ့က မတ်လအတွင်း လူတစ်ဦးသည် ပင်တာဂွန်၏ ဂိတ်ပေါက် တစ်ခုကို ပစ်ခတ်မှု နောက်ပိုင်း ယခု အဖြစ်အပျက်သည် ပထမဆုံး အကြမ်းဖက်မှုနှင့် စပ်ယှက်သည့် လက္ခဏာ ဖြစ်လာကြောင်း ပြောကြား သွားသည်။ ထိုစဥ်က လုံခြံုရေးဝန်ထမ်း နှစ်ဦးအား ဒဏ်ရာရအောင် ပစ်ခတ်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကယ်လီဖိုးနားယား ဒေသခံ ဂျွန်ပက်ထရစ် ဘီဒဲဆိုသူမှာ လုံခြံုရေးများ၏ တုန့်ပြန် ပစ်ခတ်မှုကြောင့် ဆေးရုံတွင် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here