အ​ဖော်​အ​ချွတ်​မယ်​အ​ဖြစ်​ ​သ​ရုပ်​ဆောင်​ရန်​ ခရစ်​စ​တီ​ယန်​ စ​တီးဝပ်​ ​ကမ်း​လှမ်း​ခံ​ရ

alt

ခရစ်စတီယန် စတီးဝပ်သည် အသစ် ရိုက်ကူး ထားသည့် ဇာတ်ကား တစ်ခုတွင် သူမသည် အဖော် အချွတ်မယ် တစ်ဦး အဖြစ် သရုပ်ဆောင်ရန် ကမ်းလှမ်း ခံထားရကြောင်း သိရသည်။

Twilight​ ဇာတ်ကားများဖြင့် နာမည် ကျော်ကြား လာသည့် အသက် ၂၀ အရွယ် မင်းသမီးချောသည် နယူး အော်လင်းရှိ Lap Dancing ကပြသော အရက်ဘားများသို့ သွားရောက်ကာ Welcome to th Rileys ဇာတ်ကား အတွက် လေ့လာမှုများ ပြုလုပ် ခဲ့ရသည်။ သူမ အနေနှင့် ထို ဇာတ်ကား အား လက်ခံခြင်း မရှိမီ လိင် ဆွဲဆောင် ညှို့ငင်မှုနှင့် ပတ်သက်ပြီး ပြင်ပ ဘဝကို လက်တွေ့ လေ့လာခဲ့ခြင်း ဖြစ်ကြောင်း စတီးဝပ်က ဆိုသည်။ သူမသည် အဖော် အချွတ် ကလပ်များသို့ ဒါရိုက်တာနှင့် အတူ သွားရောက် ခဲ့ကြောင်း၊ သူမ အတွက် အရာရာ သည် အတွေ့အကြံုသစ် ဖြစ်နေကြောင်း စတီးဝပ်က ရှင်းပြ ခဲ့သည်။

စတီးဝပ်သည် ယင်း ရုပ်ရှင်တွင် အိမ်ပြေးဘဝမှ အပျော်မယ် တစ်ဦး ဖြစ်လာရသည့် မိန်းကလေးငယ် တစ်ဦး အဖြစ် သရုပ်ဆောင်ထားသည်။ သူမသည် နယူး အော်လန်းတွင် ဖရိုဖရဲ အဝတ်အစားမျိုးဖြင့် လျှောက်သွား နေသည်ကို ရိုက်ကွင်းတွင် တွေ့မြင် ခဲ့သည့် အမျိုးသား ပရိသတ် အများစုကမူ နှစ်သက် သဘောကျ နေကြောင်း စတီးဝပ်က MTV နှင့် အင်တာဗျူးတွင် ရယ်ရယ် မောမော ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here