သက်​တမ်း​အ​ရင့်​ဆုံး​ ​န​ဂါး​ငွေ့​တန်း​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

စ​ကြာ​ဝ​ဠာ​ ​ဟင်း​လင်း​ပြင်​အ​တွင်း​ ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​အ​နက်​ ​သက်​တမ်း​အ​ရင့်​ဆုံး​ဟု​ ​ယူ​ဆ​ရ​သော​ ​န​ဂါး​ငွေ့​တန်း​ ​တစ်​ခု​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ကြောင်း​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​သွား​သည်​။​

​အာ​ကာ​သ​ထဲ​ ​လွှတ်​တင်​ထား​သည့်​ ​ဟာ​ဘယ်​မှန်​ပြောင်း​ကြီး​မှ​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​တွင်​ ​ရိုက်​ယူ​ထား​သော​ ​ပုံ​ရိပ်​များ​ကို​ ​ထုတ်​ဖော်​ပြ​သ​ခဲ့​ရာ​ ​သေးငယ်​သည့်​ ​န​ဂါး​ငွေ့​တန်း​ ​တစ်​ခု​လည်း​ ​ပါ​ဝင်​ပြီး​ ​ယင်း​၏​ ​သက်​တမ်း​သည်​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ၁၃.​၁​ ဘီ​လျံ​က​ ​ဖြစ်​လိမ့်​မည်​ဟု​ ဥ​ရော​ပ​မှ​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​တွက်​ချက်​အ​ဖြေ​ထုတ်​ခဲ့​သည်​။​ ​ထို​အ​ချိန်​တွင်​ ​စ​ကြာ​ဝ​ဠာ​၏​ ​သက်​တမ်း​သည်​ ​အ​လွန်​နု​နယ်​သေး​ပြီး​ ​နှစ်​ပေါင်း​သန်း​ ​၆၀၀​ ​စာ​မျှ​သာ​ ရှိ​နေ​သေး​ကြောင်း​ ​ပဲ​ရစ်​ ​န​က္ခတ်​ဗေ​ဒ​ ​လေ့​လာ​ရေး​စ​ခန်း​မှ​ ​ပ​ညာ​ရှင်​ ​မက်​သ​ရူး​ ​လန်း​ဟက်​က​ဆို​သည်​။​

​လူ့​သက်​တမ်း​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ​အ​ဆို​ပါ​ ​န​ဂါး​ငွေ့​တန်း​သည်​ ​သက်​ကြီး​ပိုင်း​ ​ပု​ဂ္ဂိုလ်​တစ်ဦး​နှင့်​တူ​ပြီး​ ​က​မ္ဘာ​မြေ​ ​တည်​ရှိ​ရာ​ ​နေ​အ​ဖွဲ့​အ​စည်း​ ​ပါ​ဝင်​သော​ ​မစ်​ကီး​ဝေး​ ​န​ဂါး​ငွေ့​တန်း​မှာ​ ​လေး​နှစ်​သား​ ​က​လေး​တစ်ဦး​နှင့်​တူ​ကြောင်း​ ​ယ​ခု​သု​တေ​သ​န​ ​လုပ်ငန်း​တွင်​ ​မ​ပါ​ဝင်​သော်​လည်း​ ​ရ​လဒ်​ပိုင်း​ကို​ ​လေ့​လာ​ဆန်း​စစ်​ခဲ့​သည့်​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ ​ရစ်​ချီ​အီ​လီ​က​ ​ရှင်း​ပြ​ခဲ့​သည်​။​

ဇန်​န​ဝါ​ရီ​လ​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သော​ ​ယင်း​န​ဂါး​ငွေ့​တန်း​၏​ ​ခန့်​မှန်း​သက်​တမ်း​နှင့်​ ​ပတ်​သက်၍​ ​သု​တေ​သီ​များ​မှာ​ ​လ​ပေါင်း​များ​စွာ​ ​အ​ချိန်​ယူ​ ​တွက်​ချက်​ခဲ့​ရ​သည်​။​ ယင်း​က​ ​နှစ်​ပေါင်း​သန်း​ ​၁၀၀​ ​ဆို​သော​ ​ပ​မာ​ဏ​သည်​ ​လူ​တစ်ဦး​အ​တွက်​ ​အ​လွန်​ရှည်​လျား​သော​ ​ပ​မာ​ဏ​အ​ဖြစ်​ ​မှတ်​ယူ​မည်​ဖြစ်​သော်​လည်း​ ​ဂြိုဟ်​များ​၏​ ​ဖြစ်​တည်​လာ​သော​ ​သက်​တမ်း​ကို​ ​တွက်​ချက်​သည့်​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရပ်​တွင်​မူ​ ​ပြော​ပ​လောက်​အောင်​ ​ကြာ​မြင့်​မှု​ ​မ​ရှိ​ကြောင်း​လည်း​ ​အီ​လီ​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here