​၂၀၀၈​​ ​မွမ်​ဘိုင်း​အ​ကြမ်း​ဖက်​မှု​ကြီး​အား​​ ​အ​မေ​ရိ​ကန်​ နိုင်ငံ​​ ​ကြို​တင်​ မ​သိ​ခဲ့​ဟု​ဆို

alt

၂၀၀၈​ ​ခု​နှစ်​က​​ ​အိ​န္ဒိ​ယ​နိုင်ငံ​၊​​ ​မွမ်​ဘိုင်း​မြို့​တွင်​​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​ကြမ်း​ဖက်​မှု​ကြီး​နှင့်​​ ​ပတ်​သက်​ပြီး​ ​အ​မေ​ရိ​ကန်​​ ​ပြည်​ထောင်​စု​အ​နေ​နှင့်​​ ​ကြို​တင်​မ​သိ​ရှိ​ခဲ့​ကြောင်း​​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​၂၀၀၈​ ​ခု​နှစ်​က​ ​အ​မေ​ရိ​ကန်​ ​ထောက်​လှမ်း​ရေး​သည်​ ​အိ​န္ဒိ​ယ​သို့​ ​သ​မား​ရိုး​ကျ​ ​လုံ​ခြံု​ရေး​ ​သ​တင်း​ပေး​ပို့​မှု​များ​သာ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​မိုက်​ကယ်​ဟမ်း​မား​က​ဆို​သည်​။​ ​အ​မျိုး​သား​ ​လုံ​ခြံု​ရေး​ကောင်​စီ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​ပု​ဂ္ဂိုလ်​ဖြစ်​သူ​ ​ဟမ်း​မား​က​ ​၂၀၀၅​ ​ခု​နှစ်​အ​တွင်း​တွင်​ FBI​ က​ ​မွမ်​ဘိုင်း​အ​ကြမ်း​ဖက်​မှု​အ​တွက်​ ​အ​ဖွဲ့​ဝင်​တစ်ဦး​ ​ဖြစ်​လာ​သူ​၏​ ​ဇ​နီး​အား​ ​ခေါ်​ယူ​စစ်​ဆေး​ပြီး​ ​သ​တိ​ပေး​ခဲ့​သော်​လည်း​ ​ထို​အ​ကြမ်း​ဖက်​မှု​နှင့်​ ​ပတ်​သက်​သည့်​ ​လုံ​လောက်​သော​ ​သက်​သေ​အ​ထောက်​အ​ထား​မျိုး​ လုံး​ဝ​မ​ရ​ခဲ့​ဟု​ ​အ​တည်​ပြု​ခဲ့​သည်​။​

​မွမ်​ဘိုင်း​ အ​ကြမ်း​ဖက်​မှု​တွင်​ ​မြို့​၏​ ​အ​ခြေ​အ​နေ​ကို​ ​ကြို​တင်​ထောက်​လှမ်း​ခဲ့​သူ​ ဟက်​ဒ​လီ​၏​ ​ဇ​နီး​သုံးဦး​အ​နက်​ ​တစ်ဦး​ကို​ ​န​ယူး​ယောက်​တွင်​ ​ခေါ်​ယူ​သ​တိ​ပေး​မှု​များ​ ​ပြု​လုပ်​ခဲ့​သော်​လည်း​ ​ထို​အ​ကြမ်း​ဖက်​မှု​ ​စီ​မံ​ကိန်း​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​မေ​ရိ​ကန်​ ​ထောက်​လှမ်း​ရေး​က​ ​လုံး​ဝ​ခြေ​ရာ​မ​ခံ​နိုင်​ခဲ့​ဟု​ ​ဟမ်း​မား​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ဟက်​ဒ​လီ​အား​ ​အ​ကြမ်း​ဖက်​မှု​ ​နောက်​ပိုင်း​တွင်​ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​ပြီး​ ၎င်း​သည်​ ​ထို​အ​ချိန်​က​တည်း​က​ ​ယ​ခု​တို​က်​ခိုက်​မှု​ကြီး​အ​တွက်​ ​စီ​မံ​ကိန်း​ရေး​ဆွဲ​ ​စ​တင်​နေ​ပြီ​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​

၂၀၀၈​ ​ခု​နှစ်​၊​ ​နို​ဝင်​ဘာ​လ​က​ ​ကွန်​မန်​ဒို​ဆန်​ဆန်​ ​အ​ကြမ်း​ဖက်​ ​စီး​နင်း​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​အိ​န္ဒိ​ယ​၏​ ​စီး​ပွား​ရေး​မြို့​တော်​ဖြစ်​သော​ ​မွမ်​ဘိုင်း​တွင်​ ​နိုင်ငံ​ခြား​သား​များ​ ​အ​ပါ​အ​ဝင်​ ​လူ​ပေါင်း​ ​၁၆၆​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here