​အ​လွန်​ပေါ်​ပြူ​လာ​ဖြစ်​နေ​သည့်​ ​ ​ဩ​စ​တြေး​လျ​မှ​ ​အ​မျိုး​သား​ဆံ​ပင်​ညှပ်​ဆိုင်

alt

ဩ​စ​တြေး​လျ​နိုင်ငံ​ရှိ​ ​အ​မျိုး​သား​ ​ဆံ​ပင်​ညှပ်​ဆိုင်​ ​တစ်​ခု​သည်​ ​အ​လွန်​ပေါ်​ပြူ​လာ​ ​ဖြစ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​ ​တစ်ဦး​သည်​ ဆစ်​ဒ​နီ​မြို့​တွင်​ Hot​ Cut​s အ​မည်​ရှိ​ ​ဆံ​ပင်​ညှပ်​ဆိုင်​ကို​ ​ဖွင့်​ထား​ရာ​ ​ဆိုင်​ရှိ​ဝန်​ထမ်း​ ​အ​မျိုး​သ​မီး​များ​ကို​ ​အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း၍​ ​အ​လုပ်​လုပ်​စေ​သည်​။

​ Metro ​၏​ ​အ​ဆို​အ​ရ​ ၀ို​ဂျ​တက်​ ​ဝက်စ်​လော​စ​ကီး​သည်​ ​အ​ပေါ်​ပိုင်း​ ​ဗ​လာ​ကျင်း​ဖြင့်​ ​အ​လုပ်​ဆင်း​နိုင်​မည့်​ ​အ​မျိုး​သ​မီး​ ​၄​ ဦး​ကို​ ​ရှာ​ဖွေ​ရန်​ ​တစ်​နှစ်​မျှ​ ​အ​ချိန်​ပေး​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဝက်​စ်​လော​စ​ကီး​က​ ၎င်း​သည်​ ​ယင်း​၏​ဆိုင်​ကို​ ​လူ​ကြီး​လူ​ကောင်း​များ​ ​တက်​ရောက်​ရန်​ ​က​လပ်​တစ်​ခု​သ​ဖွယ်​ ​ဖန်​တီး​လို​ခဲ့​ကြောင်း​၊​ ​စီး​ပွား​ရေး​လုပ်ငန်း​ကို​ ​ဆွဲ​ဆောင်​မှု​ရှိ​အောင်​ ​ဖန်​တီး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​၊​ ​အ​မျိုး​သ​မီး​များ​ကို​ ​ပြင်​ပ​တွင်​ ​တွေ့​ဆုံ​ရန်​ ​ချိတ်​ဆက်​လို​သော​ ​ဖုန်း​ခေါ်​ဆို​မှု​များ​ ​ရောက်​လာ​သည့်​အ​ခါ​ ​မိ​မိ​အ​နေ​နှင့်​ ​မ​အံ့ဩ​တော့​ကြောင်း​၊​ အ​မျိုး​သ​မီး​များ​အား​လုံး​ ​အ​လွန်​နှစ်​သက်​စ​ရာ​ကောင်း​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

Hot​ Cuts​ ​ဝက်​ဆိုက်တွင်​ ​မိ​မိ​တို့​ ​ဆံ​ပင်​ညှပ်​ဆိုင်​မှာ​ ​ဖောက်​သည်​၏​ ​ကြို​တင်​ခန့်​မှန်း​ထား​သ​မျှ​ ​ဝန်​​ဆောင်​မှု​ ​အား​လုံး​အ​ပြင်​ ​အ​ပို​ဆောင်း​ ​ဆွဲ​ဆောင်​မှု​လည်း​ ​ပါ​ဝင်​ကြောင်း​၊​ ဆိုင်​ဝန်​ထမ်း​ ​အ​မျိုး​သ​မီး​များ​သည်​ Hot​ ရုံ​မ​က​ဘဲ​ ​အ​ပေါ်​ပိုင်း​ ​အ​ဝတ်​လည်း​ ​ပါ​မည်​မ​ဟုတ်​ကြောင်း​ ​ရေး​သား​ကြော်​ငြာ​ထား​သည်​။​ ထို့​အ​ပြင်​​ Hot​ Cuts​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ထက်​ ဂုဏ်​သ​ရေ​ရှိ​ ​အ​မျိုး​သား​များ​အ​တွက်​ ​စိတ်​ကျေ​နပ်​မှု​ ​ရ​ရှိ​စေ​မည့်​ ​နေ​ရာ​တစ်​ခု​ဟု​လည်း​ ​ဝက်​ဆိုက်​က​ ​ညွှန်း​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here