အိ​န္ဒိ​ယ​နိုင်ငံ​တွင်​ ငှက်​ဖျား​ရော​ဂါ​ကြောင့်​ ​ထိ​ခိုက်​မှု​ ​ခန့်​မှန်း​သည်​ထက်​​ ပို​ဆိုး​နိုင်​ကြောင်း​ကြေ​ညာ

alt

က​မ္ဘာ့​ကျန်း​မာ​ရေး​ ​အ​ဖွဲ့​ကြီး​ (WHO)​​ က​ ​အိ​န္ဒိ​ယ​ နိုင်ငံ​၏​ ငှက်​ဖျား​ရော​ဂါ​ကြောင့်​ ​ထိ​ခိုက်​မှု​သည်​ ​ခန့်​မှန်း​သည်​ထက်​ ​ပို​ဆိုး​နိုင်​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​အိ​န္ဒိ​ယ​တွင်​ ​နှစ်​စဥ်​လူ​ပေါင်း​ ​နှစ်​သိန်း​ကျော်​ ငှက်​ဖျား​ဖြင့်​

​သေ​ဆုံး​နေ​သ​ည်​ဟု​ ​ယုံ​ကြည်​ရ​ပြီး​ ​ယင်း​သည်​ WHO​ က​ ​မူ​လ​ခန့်​မှန်း​ထား​သည့်​ ​ပ​မာ​ဏ​ထက်​ ​၁၃​ ​ဆ​ ​ပို​များ​မည်​ဖြစ်​သည်​။​

၂၀၀၁​ ​ခု​နှစ်​နှင့်​ ​၂၀၀၃​ ​ခု​နှစ်​ကြား​ ​လူ​ပေါင်း​ ​၁၂၂၀၀၀​ ​မျှ​ ငှက်​ဖျား​ဖြင့်​ ​သေ​ဆုံး​ခဲ့​သည်​ဟု​ မူ​လ​က​ ​ခန့်​မှန်း​ထား​သော်​လည်း​ ​အ​မှန်​တ​ကယ်​တွင်​ ​ယင်း​ထက်​ ​ပို​များ​နိုင်​ကြောင်း​ ​အိ​န္ဒိ​ယ​တွင်​ ​ကျန်း​မာ​ရေး​ဆိုင်​ရာ​ ​စစ်​တမ်း​များ​ ​ကောက်​ခံ​ပြီး​နောက်​ WHO ​က​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​ ​မူ​လ​က​ အိ​န္ဒိ​ယ​တွင်​ ငှက်​ဖျား​ကြောင့်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​သည်​ ​နှစ်​စဥ်​ ​တစ်​သောင်း​ခွဲ​ ​ဝန်း​ကျင်​သာ​ ​ရှိ​နိုင်​မည်​ဟု​ ​မျှော်​လင့်​ခဲ့​သော်​လည်း​ ​အ​ခြေ​အ​နေ​သည်​ ​မျှော်​မှန်း​သည်​ထက်​ ​ပို​မို​ဆိုး​ရွား​လျက်​ရှိ​သည်။​ WHO​ က​ ​စစ်​တမ်း​များ​ ​ကောက်​ခံ​ရာ​တွင်​ ​တိ​ကျ​သေ​ချာ​သော​ ​စ​နစ်တစ်​ခု​ ​မ​သတ်​မှန်​နိုင်​သေး​ခြင်း​က​ ​အ​ခက်​အ​ခဲ​ ​ဖြစ်​စေ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​

ငှက်​ဖျား​ရော​ဂါ​သည်​ ​က​မ္ဘာ​နှင့်​အ​ဝှမ်း​တွင်​ ​လူ​ပေါင်း​ ​သန်း​ ​၂၅၀​ ​ကျော်​ထိ​ ​ကူး​စက်​ခဲ့​ပြီး​ ​လူ​ပေါင်း​ ​၁​ ​သန်း​နီး​ပါး​ကို​ ​သေ​စေ​ခဲ့​သည်​။​ WHO ​၏​ ​အ​ဆို​အ​ရ​ ​အာ​ဖ​ရိ​က​တိုက်​တွင်​ ​နေ​ထိုင်​သော​ ​က​လေးငယ်​များ​သည်​ ငှ​က်​ဖျား​ကြောင့်​ ​အ​သေ​အ​ပျောက်​ ​ပို​များ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ငှက်​ဖျား​သည်​ AIDS​ နှင့်​ တီ​ဘီ​တို့​နောက်​ ​အ​သေ​အ​ပျောက်​ ​အ​မြင့်​မား​ဆုံး​ ​ကူး​စက်​ရော​ဂါ​အ​ဖြစ်​ ​ရပ်​တည်​လျက်​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here