က​မ္ဘာ့​ဖ​လား​ဘော​လုံး​ပြိုင်​ပွဲ​ ​အိမ်​ရှင်​လျှောက်​ထား​ရာ​တွင်​ ​မဲ​ရောင်း​မှု​ဖြင့်​ ​တာဝန်​ရှိ​သူ​များ​အား ​ ပြစ်​ဒဏ်​ချ​မှတ်

alt

က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​ ​အိမ်​ရှင်​ဖြစ်​ခွင့်​ ​လျှောက်​ထား​မှု​များ​ကို​ ​မဲ​ခွဲ​ဆုံး​ဖြတ်​ရာ​တွင်​ ​မဲ​ရောင်း​ခဲ့​မှု​ဖြင့်​ ​က​မ္ဘာ့​ဘော​လုံး​အ​ဖွဲ့​ချုပ်​ (FIFA)​ ​က​ ​ထိပ်​တန်း​ကော်​မတီ​ ​အ​မှု​ဆောင်​ ​နှစ်ဦး​နှင့်​ ​ရာ​ထူး​နိမ့်​သော​ ​ဝန်​ထမ်း​လေးဦး​တို့​ကို​ အ​လုပ်​တာ​ဝန်​များ​မှ​ ​ဆိုင်းငံ့​ပြစ်​ဒဏ်​ ​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

FIFA​ ​၏​ ​အ​မှု​ဆောင်​ ​ကော်​မ​တီ​မှ​ ​အ​ဖွဲ့​ဝင်​များ​ဖြစ်​သည့်​ ​နိုက်​ဂျီး​ရီး​ယား ​နိုင်ငံ​သား​ ​အာ​မို့​အဒါမူ​နှင့်​ ​တာ​ဟီ​တီ​ ​ကျွန်း​နိုင်ငံ​မှ​ ​ရီ​နယ်​တာ​မယ်​တို့​ကို​ ​ဘော​လုံး​နှင့်​ ​ပတ်​သက်​သော​ ​လုပ်​ဆောင်​မှု​များ​တွင်​ ​ပါ​ဝင်​ပတ်​သက်​ခွင့်​ကို​ FIFA​က​ ​ပိတ်​ပင်​လိုက်​သည်​။​ FIFA​​ ၏​ ​ကျင့်​ဝတ်​ကော်​မ​တီ​ ဥ​က္က​ဌ​ဖြစ်​သူ​ ​က​လော်​ဒီ​ယို​ ​ဆူ​ဆာ​က​ ​က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​ ​ကျင်း​ပ​ခွင့်​ရ​ရေး​ ​ မဲ​ရောင်း​ခဲ့​သည်​ဆို​သော​ ​ကိ​စ္စ​အ​တွက်​ ​နို​ဝင်​ဘာ​ ​၁၅​ ​ရက်​နှင့်​ ​၁၇​ ​ရက်​နေ့​များ​တွင်​ ​ထပ်​မံ​ဆွေး​နွေး​သွား​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​​ ​ယ​ခင်​က​ ​ကော်​မ​တီ​ ​အ​ဖွဲ့​ဝင်​ ​ဖြစ်​ခဲ့​ပြီး​ ​လက်​ရှိ​အ​ချိန်​ထိ​ FIFA ​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သည့်​ ဆင်​အ​လူ​လူ​၊​ ​အ​မာ​ဒူ​ ​ဒါ​ကိုက်​၊​ ​အ​ဟွန်​ဂါ​လူ​ ​ဖူ​စ​မွန်​နှင့်​ ​အစ်​စ​မေး​ ​ဘာ​ဟမ်​ဂျီ​တို့​ကို​လည်း​ FIFA​ က​ ​လုပ်ငန်း​တာ​ဝန်​များ​ ​ဆိုင်းငံ့​ထား​ပြီ​ဖြစ်​သည်​။​

​၂၀၁၈​ ​နှင့်​ ​၂၀၂၂​ ​ခု​နှစ်​ ​က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​များ​အ​တွက်​ ​အိမ်​ရှင်​အ​ဖြစ်​ ​လျှောက်​ထား​ရာ​တွင်​ မဲ​ရောင်း​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ထွက်​ပေါ်​လာ​ပြီး​နောက်​ FIFA​ က​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​ခဲ့​သည်​။​ FIFA​ ​က​ ​အ​ဒါ​မူ​နှင့်​ တာ​မယ်​တို့​သည်​ ​ပြိုင်​ပွဲ​ကျင်း​ပ​ခွင့်​ ​လျှောက်​ထား​သော​ ​နိုင်ငံ​များ​မှ​ ​ဘော​လုံး​အ​ဖွဲ့​ချုပ်​များ​ထံ​ ​မဲ​ရောင်း​ရန်​ ​ကမ်း​လှမ်း​မှု​များ​ ​ပြု​လုပ်​ခဲ့​သည်​ကို​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here