ခ​န္ဓာ​ကိုယ် အ​ချိုး​အ​စား​ထိန်း​သိမ်း​ရန်​ ​စင်​ဒီ​က​ရော့​ဖို့​ ​တိုင်​ဖက်​အ​က​ သင်​တန်း​တက်

alt

စင်​ဒီ​က​ရော့​ဖို့​သည်​​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​​ ​အ​ချိုး​အ​စား​ကို​ ​ထိန်း​သိမ်း​ရန်​ Pole​ Dance​ (​တိုင်​ဖက်​အ​က)​​ ​သင်​တန်း​တက်​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​သက်​​ ​၄၄​ ​နှစ်​ရှိ​ ​စူ​ပါ​မော်​ဒယ်​ဟောင်း​က​ ​ထို​အ​က​သည်​ ​သူ​မ​၏​ ​လိင်​မှု​ဆိုင်​ရာ​ ​ဆွဲ​ဆောင်​မှု​ ​အ​ရည်​အ​သွေး​ကို​ ​ထိန်း​သိမ်း​နိုင်​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

​က​လေး​နှစ်ဦး​၏​ ​မိ​ခင်​ဖြစ်​သော​ ​စင်​ဒီ​က​ Pole​ Dance​ ​သည်​ ​အ​ခြား​သော​ ​အ​က​များ​နှင့်​ ​ကွဲ​ပြား​သ​လို​ ​အ​တွေ့​အ​ကြံု​ ​ခံ​စား​မှု​လည်း​ မ​တူ​ညီ​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​သူ​မ​၏​ ​ခင်​ပွန်း​ဖြစ်​သူ​ ​ရန်​ဒီ​ဂါ​ဘာ​က​ ​ထို​သင်​တန်း​ တက်​နေ​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ငြင်း​ပွား​မှု​ ​မ​ရှိ​ဟု​ ​စင်​ဒီ​က​ဆို​သည်​။​ ​သူ​မ​က​ ​လိင်​ဆွဲ​ဆောင်​မှု​ ​မြင့်​မား​နေ​ခြင်း​သည်​ ​အိမ်​ထောင်​ရေး​အ​တွက်​​ ​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​လည်း​ ​ပြော​ဆို​သွား​သည်​။​ ​

စင်​ဒီ​သည်​ ​ဟော​လီး​ဝုဒ်​​ မင်း​သား​ ​ရစ်​ချတ်​ဂီ​ရီ​နှင့်​ ​၁၉၉၅​ ​ခု​နှစ်​က​ ​ကွာ​ရှင်း​ခဲ့​ပြီး​နောက်​ ​၁၉၉၈​ ​ခု​နှစ်​တွင်​ ​ရန်​ဒီ​နှင့်​ ​လက်ထပ်​ခဲ့​သည်​။​ ​သူ​မ​တို့​ ​လင်​မ​ယား​တွင်​ ​အ​သက်​ ​၁၁​ ​နှစ်​ရှိ​ ​သား​ကြီး​ ​ပ​ရက်​စ​လေ​နှင့်​ ​အ​သက်​ ​၉​ ​နှစ်​အ​ရွယ်​ ​သ​မီး​လေး​ ​ကာ​လာ​တို့​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here