က​မ္ဘာ့​အ​ကြီး​ဆုံးကုမ္ပဏီအ​ဖြစ်​ Apple​ ​ရောက်​ရှိ​လာ​နိုင်​တော့​မည်

alt

Apple အနေနှင့် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်လာရန် နီးစပ် နေပြီ ဟု သိရသည်။ Apple ၏ စတော့ ရှယ်ယာများသည် နောက်ထပ် ၂၀ ရာခိုင်နှုန်းမျှ တန်ဖိုး တက်လာချိန်တွင် Apple သည် ဈေးကွက် အတွင်း တန်ဖိုး အကြီးဆုံး ကုမ္ပဏီ အဖြစ်သို့ ရောက်ရှိ လာမည်ဟု သိရသည်။

iPhone၊ iPod နှင့် iPad ကဲ့သို့ ထုတ်ကုန်များ၊ Mac ကွန်ပျူတာများနှင့် Touchscreen Software များ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီကြီး၏ ရှယ်ယာ ဈေးနှုန်းသည် ပြီးခဲ့သည့် သီတင်းပါတ်က တစ် ရှယ်ယာလျင် ၃၁၄.၇၄ ဒေါ်လာထိ ဈေးပေါက်ခဲ့သည်။ ယင်း ရလဒ်သည် Apple က မူလ ခန့်မှန်းထားသည်ထက် များစွာ အောင်မြင်မှု ရနေခြင်းဖြစ်သည်။ iPad အား ဖြန့်ဖြူး ရောင်းချမှု တွင်ကျယ် လာသည်နှင့်အမျှ Apple ၏ ရှယ်ယာ တန်ဖိုးသည် ၂၀၁၁ နှင့် ၂၀၁၂ ဘဏ္ဍာရေး နှစ်များတွင် ဒေါ်လာ ၃၆၀ နှင့် ဒေါ်လာ ၃၈၀ ဝန်း ကျင်စီ အသီးသီး တိုးလာမည်ဟု ဈေးကွက် သုတေသီများက ခန့်မှန်း ထားသည်။

မူလက ထိုကာလများတွင် Apple ၏ တစ်ရှယ်ယာ တန်ဖိုးကို ဒေါ်လာ ၃၀၀ နှင့် ဒေါ်လာ ၃၂၀ စီသာ ရှိမည်ဟု ယူဆခဲ့သည်။ ယခုအခါ Apple သည် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး​ ဖြစ်သည့် Exxon Moblie ကို ဖြတ်ကျော်နိုင်မည်ဟု ယူဆမှုများ ခိုင်မာလာသည်။ Apple​ ၏ တစ်ရှယ်ယာတန်ဖိုး ဒေါ်လာ ၃၀၀ ကို ကျော်ဖြတ်လာမှုနှင့်အတူ ယခုအခါ ကုမ္ပဏီ တစ်ခုလုံး၏ တန်ဖိုးသည် ဒေါ်လာ ၂၇၅ ဘီလျံ​ အထက်ထိ ရှိလာခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here