အ​သက်​အ​ရွယ်​ကြောင့်​ ​အ​မြင်​အာ​ရုံ​ ​ဆုံး​ရှုံး​မှု​အား​ ​ဗီ​တာ​မင်​အေ​ဖြင့်​ ​ကု​သ​နိုင်​မည်​ဟု​ဆို

alt

အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​အ​မြင်​အာ​ရုံ​ ​ဆုံး​ရှံုး​သွား​နိုင်​ခြင်း​ကို​ ​ဗီ​တာ​မင်​အေ​ ​ဆေး​ဝါး​များ​ဖြင့်​ ​ကု​သ​နိုင်​မည်​ဟု ​ဆေး​သု​တေ​သ​န​ ​ပ​ညာ​ရှင်​များ​က​ ​ယုံ​ကြည်​နေ​ကြ​သည်​။

​ ​အ​စမ်း​ကု​သ​မှု​များ​အ​တွင်း​ ​အ​သက်​အ​ ရွယ်​ကြောင့်​ ​သ​ဘာ​ဝ​အ​တိုင်း​ ​အ​မြင်​အာ​ရုံ​ ​ချို့​တဲ့​လာ​ခြင်း​ကို​ ​ဗီ​တာ​မင်​အေ​ ​ဆေး​ဝါး​များ​က​ ​တား​ဆီး​ပေး​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ​သု​တေ​သီ​များ​က​ Fenretinide ​ခေါ်​ ​ဗီ​တာ​မင်​အေ​ပါ​သော​ ​ဆေး​ဝါး​သည်​ ​သက်​ကြီး​ပိုင်း​များ​ ​အ​မြင်​အာ​ရုံ​ ​ဆုံး​ရှံုး​မှု​အ​တွက်​ ​ကောင်း​မွန်​သော​ ​ဆေး​ဝါး​တစ်​ခု​အ​ဖြစ်​ ​လက်​ခံ​လာ​ကြ​သည်​။​ အ​သက်​အရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​ဆဲလ်​များ​ခြောက်​သွေ့​ ​သေ​ဆုံး​ကုန်​သည့်​ dry​ AMD ​ခေါ်​ ​ဖြစ်​စဥ်​ကြောင့်​ ​အ​မြင်​အာ​ရုံ​ ​ဆုံး​ရှံုး​ပျောက်​ကွယ်​မှု​များ​အ​တွက်​ ​ ဗီ​တာ​မင်​အေ​က​ ​အ​ဖြေ​တစ်​ခု​ ဖြစ်​လာ​မည်​ဟု​ ​အ​မေ​ရိ​ကန်​ ​သု​တေ​သီ​များ​က​ ​ယုံ​ကြည်​နေ​သည်​။​

၎င်း​တို့​သည်​ dry​ AMD​ ​အ​ခြေ​အ​နေ​ ​ကြံု​နေ​ရ​သည့်​ ​သက်​ကြီး​ပိုင်း​ ​အ​မျိုး​သား​၊​ ​အ​မျိုး​သ​မီး​ ​၂၅၀​ ​ခန့်​ကို​ Fenretinide​ ​ဆေး​ဝါး​ဖြင့်​ ​ကု​သ​ခဲ့​ရာ​ ​ ကောင်း​မွန်​သော​ ​အ​ကျိး​ဖြစ်​ထွန်း​မှု​များ​ ​ရ​ရှိ​ခဲ့​သည်​။​ ​န​ယူး​ယောက်​ ​ဆေး​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​​ ဂျေ​ဆင်​ဆ​လက်​တာ​က​ လက်​ရှိ​တွင်​ dry​ AMD ​အ​တွက်​ ​တိ​ကျ​သော​ ​ကု​ထုံး​မျိုး​ ​မ​ရှိ​သေး​သော်​လည်း​ ​ဗီ​တာ​မင်​အေ​ ​ဖြည့်​တင်း​မှု​ဖြင့်​ ​ယင်း​ကို​ ​ကု​စား​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ယ​ခု​စမ်း​သပ်​မှု​များ​ထက်​ ​ပို​မို​ကျယ်​ပြန့်​သော​ ​တ​ရား​ဝင်​ ​စမ်း​သပ်​ကု​သ​မှု​များ​ကို​ ​နှစ်​ကုန်​ပိုင်း​တွင်​ ​ပြု​လုပ်​သွား​ရန်​ ​စီ​စဥ်​ထား​ကြောင်း​လည်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here