​ကို​ရီး​ယား​နှစ်​နိုင်ငံ​ကြား​ ​အ​ရေး​ပေါ်​လေ​ကြောင်း​လိုင်း​ ​ပြန်​ဖွင့်​ရန်​ ​သ​ဘော​တူ

alt

အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​တွင်​ ​ပျံ​သန်း​ခွင့်​ပေး​မည့်​ ​လေ​ကြောင်း​ခ​ရီး​စဥ်​ ​တစ်​ခု​ကို​ ​တောင်​နှင့်​မြောက်​ ​ကို​ရီး​ယား​နှစ်​နိုင်ငံ​ကြား​ ​ပြန်​လည်​ဖွင့်​လှစ်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​မြောက်​ကို​ရီး​ယား​ ​ကွန်​မြူ​နစ်​ ​အာ​ဏာ​ရှင်​ ​ကင်​ဂျံု​အီ​၏​ ​သား​ဖြစ်​သူ​ ​ကြယ်​လေး​ပွင့်​ဗိုလ်​ချုပ်​ ​ရာ​ထူး​ကို​ ​တ​ရား​ဝင်​ ​လက်​ခံ​ရ​ယူ​ပြီး​နောက်​ ​ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​ကြား​ ​ဆက်​ဆံ​ရေး​သည်​ ​အ​ပေါင်း​လ​က္ခ​ဏာ​ဖြင့်​ ​စ​တင်​လာ​သည်​။​ ​အောက်​တို​ဘာ​ ​၁၈​ ​ရက်​နေ့​က​ ​ဖွင့်​လှစ်​သော​ ​အ​ရေး​ပေါ်​လိုင်း​သည်​ ​မြောက်​ကို​ရီး​ယား​မြို့​တော် ​ပြံု​ယမ်း​နှင့်​ ​တောင်​ကို​ရီး​ယား​၏​ ​အင်​ချင်​ယွန်း​တို့​ရှိ​ ​လေ​ဆိပ်​များ​ကို​ ​ဆက်​သွယ်​ထား​သည်​။​​ ​ဆိုး​မြို့​တော်​ရှိ​ ​နှစ်​နိုင်ငံ​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ထို​နေ့​တွင်​ ​အ​စမ်း​ပျံ​သန်း​မှု​ကို​ ​ ချော​ချော​မော​မော​ ​ပြု​လုပ်​နိုင်​ခဲ့​ကြောင်း​ ​အ​တည်​ပြု​ ​ကြေ​ညာ​ပေး​ခဲ့​သည်​။​

​ယ​ခု​အ​ရေး​ပေါ်​လိုင်း​အ​တွက်​ ​မြောက်​ကို​ရီး​ယား​က​ ​တောင်​ကို​ရီး​ယား​ကို​ ​စ​တင်​ချဥ်း​ကပ်​ ​ကမ်း​လှမ်း​မှု​ ​ပြု​လုပ်​ခဲ့​ခြင်း​ဟု​ဆို​သည်​။​ ​စစ်​သ​င်္ဘော​ Cheonan​ ​မတ်​လ​အ​ တွင်း​က​ ​တော်​ပီ​ဒို​ထိ​မှန်​ ​နစ်​မြုပ်​ကာ​ ​တောင်​ကို​ရီး​ယား​စစ်​သည်​ ​၄၆​ ဦး​ ​သေ​ဆုံး​ခဲ့​မှု​နောက်​ပိုင်း​ ​ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​ ​ဆက်​ဆံ​ရေး​သည်​ ​အ​တင်း​မာ​ဆုံး​တွင်​ ​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​တောင်​ကို​ရီး​ယား​က​ ​ယင်း​တော်​ပီ​ဒို​သည်​ ​မြောက်​ကို​ရီး​ယား​ ​ ရေငုပ်​သ​င်္ဘော​ ​တစ်​စင်း​ထံ​မှ​ ​ပစ်​လွှတ်​ခြင်း​ဟု​ ​ခိုင်​ခိုင်​မာ​မာ​ ​စွပ်​စွဲ​ထား​သည်​။​ ​ယ​ခု​ကဲ့​သို့​ ​လေ​ဆိပ်​များ​ကြား​ ​ဆက်​သွယ်​ပျံ​သန်း​ရန်​ ​သ​ဘော​တူ​ညီ​မှု​သည်​ ​နှစ်​နိုင်ငံ​ သံ​တ​မန်​ရေး​ရာ​ ​ယှက်​နွယ်​မှု​နှင့်​ ​သက်​ဆိုင်​ခြင်း​ ​ရှိ​မ​ရှိ​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​ သေး​ချေ​။

​ ၁၉၅၃​ ​ခု​နှစ်​က​ ​အ​ပြီး​သတ်​ခဲ့​သော​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​စစ်​ပွဲ​အ​ပြီး​ ​သတ်​မှတ်​ခဲ့​သော​ ​နှစ်​နိုင်ငံ​ကြား​ ​အ​ရေး​ပေါ်​ ​လေ​ကြောင်း​လိုင်း​ ​၃​ ​ခု​စ​လုံး​ကို​ ​မေ​လ​အ​တွင်း​တွင်​ ​မြောက်​ကို​ရီး​ယား​က​ ​ပိတ်​ပင်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here