ချီ​လီ​မိုင်း​တွင်း​ ​ကယ်​ဆယ်​ရေး​သုံး​ ​လှောင်​အိမ်​များ​ ​ပြ​သ​သွား​မည်

alt

ချီ​လီ​မိုင်း​တွင်း​လုပ်​သား​များ​ကို​ ​ကယ်​ဆယ်​ရာ​တွင်​ ​အ​သုံး​ပြု​ခဲ့​သည့်​ ​ဆေး​တောင့်​ပုံ​ ​ကယ်​ဆယ်​ရေး​ ​လှောင်​အိမ်​များကို​ ​ရှန်​ဟိုင်း​တွင်​ ​ကျင်း​ပ​နေ​သည့်​ ​က​မ္ဘာ့​ကုန်​သွယ်​မှု​ ​ပွဲ​တော်​အ​တွင်း​ ​ပြ​သ​သွား​မည်​ဟု​ ​သိ​ရ​သည်​။​

​ချီ​လီ​ မိုင်း​တွင်း​ ​အ​လုပ်​သ​မား​များ​၏​ ​ပေ​ ​၂၀၀၀​ ​ကျော်​အ​နက်​တွင်​ ​ပိတ်​မိ​နေ​သော​ ​၆၉​ ​ရက်​ကြာ​ ​အိပ်​မက်​ဆိုး​ကို​ ​အ​ဆုံး​သတ်​စေ​ခဲ့​သည့်​ ​လှောင်​ချိုင့်​များ​အ​နက်​ Phoenix​ 1​ ​လှောင်​ချိုင့်​အား​ ​က​မ္ဘာ့​ကုန်​သွယ်​ရေး​ ​ပြ​ပွဲ​အ​တွက်​ ​တ​ရုတ်​နိုင်ငံ​သို့​ ​ပို့​ ပေး​လိုက်​မည်​ဖြစ်​ပြီး​ Phoenix​ 2​ ​ကို​ ​ဆန်​တီ​ယေး​ဂိုး​မြို့​တော်​ ကူ​ဒါ​ဒါ​နီ​ယာ​ရင်​ပြင်​တွင်​လည်း​ကောင်း​၊​ Phoenix​ 3​ ​ကို​ ​မိုင်း​တွင်း​ပြို​ကျ​မှု​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ဆန်း​ဂျို့​မိုင်း​တွင်း​ ​နေ​ရာ​တွင်​လည်း​ကောင်း​ ပြ​သ​သွား​မည်​ဟု​ ​ချီ​လီ​ပြည်​ထဲ​ရေး​ဝန်​ကြီး​ ​ ရို​ဒ​ရီ​ဂို​ဟစ်​ဇာ​ပီ​တာ​က​ ​အ​တည်​ပြု​ခဲ့​သည်​။

​ ​ချီ​လီ​မိုင်း​တွင်း​ ​အ​လုပ်​သ​မား​ ​၃၂​ ဦး​နှင့်​ ​ဘို​လစ်​ဗီး​ယား​ ​နိုင်ငံ​သား​ ​အ​လုပ်​သ​မား​ ​၁​ ဦး​တို့​သည်​ ဩ​ဂုတ်​လ​ ​၅​ ​ရက်​နေ့​က​တည်း​က​ ​မြေ​အောက်​တွင်​ ​ပိတ်​မိ​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဒေါ်​လာ​သန်း​ပေါင်း​ များ​စွာ​ ​ကုန်​ကျ​သော​ ​ကယ်​ဆယ်​ရေး​ Mission​ ​ပြီး​ဆုံး​ချိန်​​ ​အောက်​တို​ဘာ​ ​၁၄​ ​ရက်​နေ့​တွင်​ ၎င်း​တို့​အား​လုံး​ကို​ ​အောင်​မြင်​စွာ​ ​ကယ်​တင်​နိုင်​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here