ဟေ​တီ​အ​ကျဥ်း​ထောင်​ ​အုံ​ကြွ​မှု​ဖြစ်

alt

ဟေ​တီ​တွင်​ ​အ​ကျဥ်း​ထောင်​ ​အုံ​ကြွ​မှု​တစ်​ခု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​လူ​ ​၃​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ပို့​အူ​ပ​ရင့်​ ​မြို့​တော်​ရှိ​ ပင်​မ​အ​ကျဥ်း​ထောင်​ကြီး​မှ​ ​အ​မိုး​များ​ကို​ဖောက်​ပြီး​ ​ထွက်​ပြေး​ရန်​ ​ကြံ​စည်​သူ​ ​၂​ ဦး​မှာ​ ​ပစ်​သတ်​ခံ​ခဲ့​ရ​ သ​လို​ အ​ခြား​တစ်ဦး​မှာ​လည်း​ ​ဝ​ရုန်း​သုန်း​ကား​ ​ဖြစ်​စဥ်​အ​တွင်း​

​လူ​အ​များ​ ​တက်​နင်း​ကာ​ ​သေ​ဆုံး​သွား​ခြင်း​ဟု​ ​အာ​ဏာ​ပိုင်​များ​က​ ​အ​တည်​ပြု​ ​ပြော​ဆို​ခဲ့​သည်​။​ အ​ကျဥ်း​သား​များ​သည်​ ​လွတ်​မြောက်​ရေး​အ​တွက်​ ​နိုင်ငံ​ခြား​သား​ ​ဓား​စာ​ခံ​ ​၇​ ဦး​ကို​ ​ဖမ်း​ဆီး​ခဲ့​သေး​ပြီး​ ​ယင်း​တို့​အ​နက်​ ​ကု​လ​သ​မ​ဂ္ဂ​ ​ရဲ​အ​ရာ​ရှိ​ ​၃​ ဦး​နှင့်​ ​အ​ခြား​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​မှု​ထမ်း​ ​၂​ ဦး​တို့​ ​ပါ​ဝင်​ကြောင်း​ ​သ​တင်း​များ​က​ဆို​သည်​။​ ​အောက်​တို​ဘာ​ ​၁၈​ ​ရက်​နေ့​ ​အ​ကျဥ်း​ထောင်​ ​ဆူ​ပူ​မှု​ ​ဖြစ်​ပွား​စဥ်​ ​ကု​လ​သ​မ​ဂ္ဂ​မှ​ ​ရဲ​ဝန်​ ထမ်း​ ​အ​နည်း​ဆုံး​ ​၁၀၀​ ​မျှ​ ​အ​ကျဥ်း​ထောင်​ထဲ​တွင်​ ​ရှိ​နေ​ခဲ့​ပြီး​ ​အ​နည်း​ဆုံး​ ​၇​ ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ဟေ​တီ​တ​ရား​ရေး​ ​ဝန်​ကြီး​ ​ဂျိုး​ဆက်​ဖီး​လစ်​ ​ဘာ​ဒီ​ယို​က​ AP ​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြားသွား​သည်​။​

​အ​ခြား​သ​တင်း​များ​၏​ ​အ​ဆို​အ​ရ​ ​အ​ကျဥ်း​ထောင်​ ​အ​ဆောက်​အ​အုံ​တွင်​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ပြီး​ ​က​မ္ဘာ​ကျော်​ ​ဟေ​တီင​လျင်​ကြီး​ ​လှုပ်​ခတ်​စဥ်​က​ ​ထို​အ​ထဲ​မှ​ ​အ​ကျဥ်း​သား​ ​၄၀၀၀​ ​ကျော်​ ​လွတ်​မြောက်​သွား​ခဲ့​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​ ​တပ်​ ဖွဲ့​များ​သည်​ ​အ​ဖမ်း​ခံ​ထား​ရ​သူ​ ​ရဲ​အ​ရာ​ရှိ​ ​၇​ ဦး​လုံး​အား​ ​ကယ်​တင်​နိုင်​ခဲ့​ပြီး​ ​ထောင်​ထဲ​တွင်​ ​သေ​နတ်​နှင့်​ ​ပစ်​ခတ်​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ကြောင်း​ ​မျက်​မြင်​များ​က​ဆို​သည်​။​ ​အ​ကျဥ်း​ထောင်​ ​ဝန်​ထမ်း​များ​က​ င​လျင်​ဒဏ်​ကြောင့်​ ​ယို​ယွင်း​နေ​သည့်​ ​ ထောင်​ကြီး​အ​တွင်း​ ​ယ​ခု​အ​ချိန်​ထိ​ ​အ​ကျဥ်း​သား​ ​၁၅၀၀​ ​ကျော်​ကို​ ​ထိန်း​သိမ်း​ထား​ဆဲ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဇန်​န​ဝါ​ရီ​လ​အ​တွင်း​က​ ​ဟေ​တီ​နိုင်ငံ​၊​ ​ပို့​အူ​ပ​ရင့်​တွင်​ ​လှုပ်​ခတ်​ခဲ့​သော​ င​လျင်​ကြီး​ကြောင့်​ ​လူ​ပေါင်း​နှစ်​သိန်း​ကျော်​ ​သေ​ကြေ​ပျက်​စီး​ ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here