က​မ္ဘာ​နှင့်​ ​သဏ္ဍန်​တူ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည့်​ဂြိုဟ်​ ​အ​မှန်​တ​ကယ်​မ​ရှိ​ဟု​ဆို

alt

ယ​ခင်​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည့်​ ​က​မ္ဘာ​နှင့်​ ​ဆင်​တူ​သော​ဂြိုဟ်​မှာ​ ​အ​မှန်​တ​ကယ်​ ​မ​ရှိ​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​ Gliese​ 581g​ဟု​ ​အ​မ​ည်​ပေး​ထား​သော​ ​ဂြိုဟ်​မှာ​ ​က​မ္ဘာ​ထက်​ ​၃​ ​ဆ​မျှ​ကြီး​ပြီး​ ​က​မ္ဘာ​မှ​ ​အ​လင်း​နှစ်​ ​၂၀​ ​အ​ကွာ​တွင်​ ​တည်​ရှိ​ကြောင်း

​ ​ပြီး​ခဲ့​သည့်​လ​က​ ​အ​မေ​ရိ​ကန်မှ​ န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များက​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ယင်း​တို့​က​ ကျောက်​သား​များ​ဖြင့်​ ​အ​ဓိ​က​ ​ဖွဲ့​စည်း​ထား​သည်​ဟု​ ​ယူ​ဆ​ရ​သော​ ​အ​ဆို​ပါ​ဂြိုဟ်​ ကြီး​သည်​ ​နေ​တစ်​စင်း​ကို​ ​လှည့်​ပတ်​နေ​ကြောင်း​လည်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ အ​ခြား​သော​ ​သု​တေ​သီ​ ​အ​ဖွဲ့​တစ်​ခု​က​ 581g​နှင့်​ ​ပတ်သက်​သည့်​ ​မူ​လ​တွေ့​ရှိ​ချက်​များ​အား​ ​သံ​သ​ယ​ ​ရှိ​လာ​ခဲ့​ပြီး​ သီး​သန့်​လေ့​လာ​မှု​များ​ ​ ပြု​လုပ်​ခဲ့​သည်​။​ ​ဆွစ်​ဇာ​လန်​နိုင်ငံ​၊​ ​ဆော်​ဗာ​နီ​ရှိ​ ​ဂျီ​နီ​ဗာ​ ​န​က္ခတ်​တာ​ရာ​ကြည့်​ ​မှန်​ပြောင်း​တည်​ရှိ​ရာ​ ​အာ​ကာ​သ​ ​လေ့​လာ​ရေး​စ​ခန်း​မှ​ ​ပ​ညာ​ရှင်​ ​ဖ​ရ​န်​ဆက်​စ​ကို​ ​ပီ​ပီ​က​ ​အီ​တ​လီ​နိုင်ငံ​၊​ ​တို​ရန်​တို​မြို့​တွင်​ ​ကျင်း​ပ​သော​ ​န​က္ခတ်​ဗေ​ဒ​ ​ညီ​လာ​ခံ​တွင်​ ​ ယင်း​ဂြိုဟ်​အား​ ​မတွေ့​ရှိ​ခဲ့​ကြောင်း​ ​တ​ရား​ဝင်​ ​ကြေ​ညာ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​အ​ဆို​ပါ​ဂြိုဟ်​ကို​ ​ချီ​လီ​ရှိ​ ​လာ​ဆီ​လာ​မှ​ ​န​က္ခတ်​ဗေ​ဒ​ ​မှန်​ပြောင်း​ဖြင့်​ ​လေ့​လာ​ခဲ့​မှု​များ​ ​ပြန်​လည်​ပြု​လုပ်​ပြီး​နောက်​ ​မူ​လ​တွေ့​ရှိ​ချက်​မှာ​ ​အ​မှား​သာ​ဖြစ်​ကြောင်း​ ​ပီ​ပီ​က​ ​ ကြေ​ညာ​ခဲ့​သည်​။​ ​၃၇​ ​ရက်​ကြာ​သည့်​အ​ချိန်​တွင်​ ​အ​ဆို​ပါ​ ​ပတ်​လမ်း​အ​တွင်း​ Gliese​ 581g​ကို​ ​လုံး​ဝ​မ​တွေ့​တော့​ပါ​ဟ​ဟု​ ၎င်း​က​ဆို​သည်​။​ ​ယင်း​ဂြိုဟ်​ကို​ ​တွေ့​ရှိ​ခဲ့​သည့်​ ဆန်​တာ​ခ​ရု​ရှိ​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​ ​အာ​ကာသ​သိ​ပ္ပံ​ ​ဌာ​န​မှ​ ​​ ဒေါက်​တာ​စ​တီ​ဗင်​ဗော့​၏​ ​လေ့​လာ​မှု​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ငြင်း​မ​ပွား​လို​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​ဆို​ပါ​ ​ပတ်​လမ်း​တွင်​ Gliese​ 581g​ကို​ ​လုံး​ဝ​ရှာ​မ​တွေ့​တော့​ကြောင်း​ ​ပီ​ပီ​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​သွား​သည်​။​ မူ​လ​ကြေ​ညာ​ချက်​ကို​ ​ ထုတ်​ပြန်​ပြီး​ချိန်​က​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​အ​ချို့​သည်​ ​ယင်း​ဂြိုဟ်​ပေါ်​တွင်​ ​သက်​ရှိ​များ​ ​မှီ​တင်း​နေ​ထိုင်​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ခဲ့​ကြောင်း​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here