အမေရိကန်တွင် သွေးစုပ်ဖုတ်ကောင် ဖမ်းဆီးရမိ

alt

သွေး​စုပ်​ဖုတ်​ကောင်​​ နှစ်​ကောင်​ကို​ ​အ​မေ​ရိ​ကန်​တွင်​​ ဖမ်း​မိ​လိုက်​ကြောင်း​​ သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​​ အ​ရီ​ဇိုး​နား​တွင်​ ​အိမ်​ခြေ​ရာ​မဲ့​​ တစ်ဦး​မှာ​ ​စုံ​တွဲ​တစ်​တွဲ​က​ ၎င်း​၏​သွေး​အား​ ​စုပ်​ယူ​ရန်​ ​ကြိုး​ပမ်း​မှု​ကို​ ​ငြင်း​ဆန်​သည့်​အ​တွက်​ ​ဓား​နှင့်​ ​အ​ထိုး​ခံ​ခဲ့​ရ​သည်​။

​ အ​သက်​ ​၂၅​ ​နှစ်အ​ရွယ်​ ​ရော​ဘတ်​မာ​​လေအား​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​အ​တွင်း​ ​ဓား​ဖြင့်​ထိုး​ခဲ့​ခြင်း​အ​တွက်​ ​ရဲ​များ​က​ ​အ​သက်​ ​၂၄​ ​နှစ်​ရှိ​ ​အေ​ရွန်​ဟို​မာ​နှင့်​ ​အ​သက်​ ​၂၁​ ​နှစ်​အ​ရွယ်​ ​အ​မန်​ဒါ​ဝီ​လျံ​ဆမ်​တို့​အား​ ​ဖမ်း​ဆီး​ခဲ့​သည်​။​ အ​ဆို​ပါ​ ​လူငယ်​နှစ်ဦး​သည်​ ​သွေး​စုပ်​သော​ ​ဒိ​ဌိ​အ​ယူ​ကို​ ​ယုံ​ကြည်​သူ​များ​ဖြစ်​ပြီး​ ​ယ​ခင်​က​ ​မာ​လေ​သည်​ ​ယင်း​၏​သွေး​အား​ ၎င်း​တို့​စုံ​တွဲကို​ ​သောက်​ခွင့်​ပေး​ခဲ့​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ဓား​ထိုး​ခံရ​သည့်​ ​မာ​လေ​ကို​လည်း​ ​အ​ချုပ်​မှ​ ​ခံ​ဝန်​ချက်​ဖြင့်​ ​လွှတ်​ပေး​ပြီး​ ​သ​တင်း​ပို့​ရန်​ ​ပျက်​ကွယ်​မှု​ကြောင့်​ ​ထိန်း​သိမ်း​ထား​လိုက်​သည်​။​

ရဲ​တပ်​ဖွဲ့​သည်​ ​သွေး​စုပ်​ရန်​ ​ကြိုး​စား​ခဲ့​သည်​ဆို​သော​ ​စုံ​တွဲ​အား​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​ဖြင့်​ ​ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​ဟို​မာ​သည်​ ​က​နဦး​က​ ​ယင်း​၏​ချစ်​သူ​ ​ဝီ​လျံ​ဆမ်​နှင့်​ ​အ​မည်​မ​သိ​သူ​ ​တစ်ဦး​တို့​ ​ရန်​ဖြစ်​ခဲ့​ပြီး​ ​ထို​ကိ​စ္စ​တွင်​ ၎င်းမ​ပါ​ဝင်​ကြောင်း​ ​ငြင်း​ဆို​ခဲ့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​မာ​လေ​အား​ ​ဓား​ဖြင့်​ထိုး​ခဲ့​သူ​မှာ​ ​ယင်း​ပင်​ဖြစ်​ကြောင်း​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here