​​​ကျောင်း​သား​လေး​နှစ်ဦး​နှင့်​​ လိင်​ဆက်​ဆံ​ခဲ့​ကြောင်း​​ ဗြိ​တိန်​ကျောင်း​ဆ​ရာ​မ​ ဝန်​ခံ

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ဆ​ရာ​မ​တစ်ဦး​က​ ​သူ​မ​သည်​​ အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​​ ကျောင်း​သား​လေး​ ​နှစ်ဦး​အား​​ နေ​အိမ်​သို့​ ​သွေး​ဆောင်​ခေါ်​ယူ​ကာ​​ လိင်​ဆက်​ဆံ​ခဲ့​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​

​အ​သ​က်​ ​၃၇​ ​နှစ်​အ​ရွယ်​ ​ဟီ​နာ​ပေ​တယ်​၏​ ​ထုတ်​ဖော်​ဝန်​ခံ​မှု​ကြောင့်​ ​ဗြိ​တိ​သျှ​ ​ပ​ညာ​ရေး​ကဏ္ဍ​တွင်​ ​ဆ​ရာ​များ​၏​ ​အ​ရည်​အ​သွေး​နှင့်​ ​ပတ်​သက်​ပြီး​ ​ဝေ​ဖန်​မှု​များ​ ​ရှိ​နေ​ခြင်း​အား​ ​အ​ခြေ​အ​နေ​ ​ပို​ဆိုး​လာ​စေ​ခဲ့​သည်​။​ ​မာ​ဆေး​ဆိုက်​ရှိ​၊​ ​ဆောက်​ပို့​အ​နီး​ Birkdale​ ​အ​ထက်​တန်း​ကျောင်း​မှ​ ​ဆ​ရာ​မ​တစ်ဦး​ဖြစ်​သော​ ​ပေ​တယ်​သည်​ ​သူ​မ​နှင့်​ ​တပည့်​နှစ်ဦး​ ​လိင်​ဆက်​ဆံ​ဖူး​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​ ​ဖြစ်​ရပ်​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​သက်​မ​ပြည့်​သေး​သူ​များ​ကို​ ​သွေး​ဆောင်​လိင်​ဆက်​ဆံ​မှု​ဖြင့်​ ​တ​ရား​စွဲ​ဆို​မှု​ ​ခံ​ထား​ရ​ခြင်း​အ​တွက်​ ​အ​ပြစ်​ရှိ​ကြောင်း​ ​ပေ​တယ်​က​ ​ဖွင့်​ဟ​ခဲ့​သည်​။​

​သူ​မ​၏​ ​ရှေ့​နေ​က​မူ​ ​တ​ရား​ရုံး​တွင်​ ​ပေ​တယ်​နှင့်​ ​ပတ်​သက်​ပြီး​ ​ပြစ်​ဒဏ်​ချ​မှတ်​ရ​လောက်​အောင်​ ​သက်​သေ​အ​ထောက်​အ​ထား​ ​ခိုင်​ခိုင်​လုံ​လုံ​ ​မ​ရှိ​သေး​ကြောင်း​ ​အ​ရေး​ဆို​ ​ကန့်​ကွက်​ထား​သည်​။​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ပေ​တယ်​၏​အိမ်​တွင်​ ​ဆ​ရာ​မ​နှင့်​အ​တူ​ ​စ​ခန်း​သွား​ခဲ့​သည့်​ ​ကျောင်း​သား​လေး​များ​၏​ ​အ​မည်​အား​ ​ထုတ်​ဖော်​ကြေ​ညာ​ခြင်း​ ​မ​ရှိ​ပေ​။​ ​ထို​ကျောင်း​တွင်​ ​အ​သက်​ ​၁၁​ ​နှစ်​မှ​ ​၁၆​ ​နှစ်​ကြား​ ​ယောက်ျား​လေး​ ​၉၆၀​ ​ကျော်​ထိ​ ​ပ​ညာ​သင်​ကြား​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here