သ​မီး​ဖြစ်​သူ​ကို​​ လိင်​ဖျော်​ဖြေ​ရေ​အ​တွက်​​ အ​တင်း​အ​ကြပ်​ခေါ်​ယူ​ခဲ့​သည့်​မိ​ခင်​အား​​ စွဲ​ချက်​တင်

alt

သ​မီး​ဖြစ်​သူ​အား​​ လိင်​ဖျော်​ဖြေ​ရေး​အ​တွက်​​ အ​တင်း​အ​ကြပ်​ ​ခေါ်​ယူ​ခဲ့​မှု​အ​တွက်​​ မိ​ခင်​တစ်ဦး​အား​ ​စွဲ​ချက်​တင်​ထား​ကြောင်း​ သိ​ရှိ​ရ​သည်​။​ ​ဟောင်​ကောင်​မှ​ ​အ​သက်​ ​၄၈​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သ​မီး​သည်​ ​လွန်​ခဲ့​သော​ ​၇​ ​နှစ်​ကျော်​က​ ​သူ​မ​နှင့်​ ​သူ​မ​၏​ ​ချစ်​သူ​တို့​ ​

လိင်​ဆက်​ဆံ​နေ​စဥ်​ ​သ​မီး​အား​ ​အ​တင်း​ခေါ်​ယူ​ကာ​ ​ပါ​ဝင်​စေ​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။

​ ​သ​မီး​မှာ​ ​ယ​ခု​အ​ခါ​ ​အ​သက်​ ​၂၂​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​ရာ​ ​ထို​အ​ချိန်​က​ ​အ​သက်​ ​၁၅​ ​နှစ်​သာ​ ​ရှိ​သေး​ကြောင်း​ ​ရဲ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို​ကိ​စ္စ​သည်​ ​နောက်​ပိုင်း​တွင်​ ​ပေါ်​ပေါက်​လာ​ပြီး​နောက်​ ​ရဲ​များ​က​ ​မိန်း​က​လေး​၏​ ​မိ​ခင်​နှင့်​ ​ချစ်​သူ​တို့​အား​ ​ပြီး​ခဲ့​သော​ ​သီ​တင်း​ပါတ်​အ​တွင်း​ ​ဖမ်း​ဆီး​ခဲ့​သည်​။​ ​နီးစပ်​သူ​များ​က​ ​ထို​အ​မျိုး​သ​မီး​သည်​ ချစ်​သူ​အား​ ​ကျေ​နပ်​ပျော်​ရွှင်​စေ​လို​သ​ဖြင့်​ ​သ​မီး​အား​ ​ယ​ခု​လို​ ​အ​သုံး​ချ​ခဲ့​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​မိန်း​က​လေး​သည်​ ​မည်​သူ့​ကို​မျှ​ မ​ပြော​ရဲ​သ​ဖြင့်​ ​ထို​ကိ​စ္စ​ကို​ ​ကြိတ်​မှိတ်​အောင့်​အီး​နေ​ခဲ့​ရ​သည်​။​

​၇​ ​နှစ်​ကြာ​ပြီး​ချိန်​ထိ​ ​သူ​မ​သည်​ ​ထို​အ​တွေ့​အ​ကြံု​အား​ ​ခြောက်​ခြား​နေ​ဆဲ​ဖြစ်​သည်​။​ ​မ​ကြာ​သေး​မီ​က​မှ​ ​သူ​မ​သည်​ ​မ​အောင့်​အီး​နိုင်​ဘဲ​ ​သူငယ်​ချင်း​တစ်ဦး​အား​ ​ဖွင့်​ပြော​မိ​ရာ​မှ​ ​ထို​သူငယ်​ချင်း​က​ ​သူ​မ​အား​ ​လူ​မှု​ရေး​ဆိုင်​ရာ​ ​အ​ထောက်​အ​ပံ့​ ​အ​သင်း​အ​ဖွဲ့​များ​နှင့်​ ​ဆွေး​နွေး​နိုင်​အောင်​ ​ဆွဲ​ဆောင်​ခဲ့​သ​လို​ ​ဖြစ်​ရပ်​တစ်​ခု​လုံး​အား​ ​ရဲ​ထံ​တိုင်​ကြား​ခဲ့​ခြင်း​ဟု​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here