အိမ်​အ​သစ်ဝယ်​လို​သော​ကြောင့်​​ ​တ​ရုတ်​လင်​မ​ယား​အ​ချို့​​ ​ဟန်​ဆောင်​ကွာ​ရှင်း​ကြ

alt

တရုတ်နိုင်ငံမှ လင်မယား အချို့သည် အိမ် အသစ် ဝယ် လိုသောကြောင့် ဟန်ဆောင် ကွာရှင်း နေကြကြောင်း သိရသည်။ ရှန်ဟိုင်းတွင် အိမ်ခြံ မြေ ဈေးနှုန်းများ မြင့်မား နေမှုကို ကာကွယ်ရန် မိသားစု အလိုက်

အိမ်ရာ ပိုင်ဆိုင်မှုကို ကန့်သတ် လိုက်ခြင်းကြောင့် ယင်း လင်မယားက မိသားစု ပြိုကွဲ ဟန်ဆောင်ကာ အိမ်အသစ် ဝယ်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ရ ရက်နေ့က ထုတ်ပြန်သော ရှန်ဟိုင်း အုပ်ချုပ်ရေး အဖွဲ့ ကြေညာချက်တွင် အိမ် တစ်ခုတွင် နေထိုင်သော မိသားစုဝင် အားလုံး အတွက် နောက်ထပ် အိမ်တစ်လုံးသာ ထပ်မံ ပိုင်ဆိုင်ခွင့် ရမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ရှန်ဟိုင်း မောနင်းပို့စ် သတင်းစာက ကွာရှင်း စာချုပ် အတုများ ပြုလုပ်ကာ အိမ်အသစ်များ ဝယ်ယူ နေကြောင်း ရေးသား ဖော်ပြခဲ့သည်။

စာချုပ်စာတမ်းနှင့် လက်မှတ်အတုများ လုပ်ပေးသည့် ကုမ္ပဏီ တစ်ခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ကွာရှင်း စာချုပ် တစ်ခု အတွက် ယွမ် ၃၀၀ ကျသင့်ပြီး လင်မယား နှစ်ဦးအတွက် စာချုပ်နှစ်ခု ဝယ်ပါက လျှော့ဈေး အဖြင့် ယွမ် ၅၀၀ သာယူပြီး ဆောင်ရွက် ပေးနေကြောင်း သတင်းစာသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် အိမ်ခြံမြေ ဈေးနှုန်းများ တစထက်တစ မြင့်တက်လာပြီးနောက် အစိုးရက စည်းမျဥ်းများ ကန့်သတ်ကာ ထိန်းချုပ်ရန် ကြံစည်နေသော်လည်း အိမ်ခြံမြေ ဈေးကွက်တွင် မြှုပ်နှံလိုသူများက ယခုကဲ့သို့ နည်းလမ်းများရှာကာ ဝယ်ယူနေခြင်းဖြစ်သည်။

ယခုအခါ အိမ်ခြံမြေ ဝယ်ယူခွင့် မှတ်ပုံတင်ဌာနသည် ကွာရှင်းစာချုပ်ဖြင့် တင်သွင်းလာသည့် လျှောက်လွှာများကို ပြည်သူ့ရေးရာ ဗျူရိုမှ အတည်ပြု စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသွားရန် စဥ်းစားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here