Top​​ Gun​ ​ဇာတ်​ကား​​ ​ဒု​တိ​ယ​ပိုင်း​​ ​ဆက်​လက်​ရိုက်​ကူး​မည်

alt

Top​ Gun​ ​ဇာတ်​ကား​ကို​​ ​ဒု​တိ​ယ​ပိုင်း​ ​ဆက်​လက်​ရိုက်​ကူး​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​၁၉၈၆​ ​ခု​နှစ်​က​ ​ရုံ​တင်​ခဲ့​သည့်​ ​အ​လွန်​ကျော်​ကြား​သော​ ​ပ​ထ​မ​ ​ဇာတ်​ကား​ကဲ့​သို့​ပင်​ ​ယ​ခုရုပ်​ရှင်​တွင်​လည်း​ ​မင်း​သား​တွမ်​ခ​ရုစ်​ကို​ ​အ​ဓိ​က​ ​ဇာတ်​ဆောင်​အ​ဖြစ်​

​ကမ်း​လှမ်း​ရန်​ Paramount​​ က​ ​စီ​စဥ်​နေ​ကြောင်း​ ​သ​တင်း​များ​က​ဆို​သည်​။​

​ပ​ရို​ဂျူ​ဆာ​ ​ဂျယ်​ရီ​ဘ​ရု​ဟယ်​မာ​နှင့်​ ဒါ​ရိုက်​တာ​ ​တို​နီ​စ​ကော့​တို့​သည်​ Top​ Gun​ 2​ ​အ​တွက်​ ​တာ​ဝန်​ယူ​သွား​မည်​ဟု​ ​စ​တူ​ဒီ​ယို​က​ ​ပြော​ကြား​ထား​သည်​။​ ​ဇာတ်​ဝင်​ခန်း​ကို​ ​ခ​ရစ်​စ​တို​ဖာ​ ​မက်​ကွာ​ရယ်​က​ ​ရေး​သား​မည်​ဖြစ်​ပြီး​ ​အ​ဓိ​က​ ​ဇာတ်​ဆောင်​နေ​ရာ​အ​တွက်​ ​ခ​ရုစ်​ကို​ ​ပြန်​လည်​စည်း​ရုံး​နိုင်​ရန်​ ​မျှော်​လင့်​နေ​ကြောင်း​ Paramount​ က​ဆို​သည်​။​ Top​ Gun​​ ၏​ ​ဒု​တိ​ယ​ပိုင်း​ကို​ ​ရိုက်​ကူး​မည့်​ ​ကိ​စ္စ​မှာ​ ​နှစ်​ရှ​ည်​လ​များ​ ​သ​တင်း​ထွက်​နေ​ခဲ့​သော်​လည်း​ ​ဆယ်​စု​နှစ်​နှင့်​ချီ​ ​ကြာ​မြင့်​ပြီး​ ​အ​ထ​မ​မြောက်​ခဲ့​ချေ​။​ ​သို့​သော်​လည်း​ ​ယ​ခု​အ​ခါ​တွင်​ Top​ Gun​ 2​ ​အ​တွက်​ ​စီ​မံ​ကိန်း​ကို​ Paramount​​ က​ ​အ​တည်​ပြု​လိုက်​ပြီ​ဖြစ်​သည်​။

​ ​အ​မေ​ရိ​ကန်​လေ​တပ်​၏​ ​စစ်​အင်​အား​ကို​ ​ထင်​ဟပ်​ပြ​သ​ခဲ့​သော​ Top​ Gun​​ သည်​ ​ဟော​လီး​ဝုဒ်​တွင်​သာ​မ​က​ ​တစ်​က​မ္ဘာ​လုံး​ ​အ​တိုင်း​အ​တာ​ထိ​ ​အောင်​မြင်​မှု​ ​ရ​ရှိ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here