ကိုယ်ဝန်​ဆောင်​နှင့်​​​ ​ဓ​မ္မ​တာ​လာ​နေ​သော​​ အ​မျိုး​သ​မီး​များ​​ တက်​ရောက်​ခွင့်​မ​ရှိ​သည့်​​ န​ယူး​ဇီ​လန်​မှ​​ ယဥ်​ကျေး​မှု​ပြ​ပွဲ

alt

န​ယူး​ဇီ​လန်​နိုင်ငံ​တွင်​​ ရှေး​ရိုး​ရာ​ ​မွိုင်​ရီ​တိုင်း​ရင်း​သား​များ​နှင့်​​ သက်​ဆိုင်​သော​ ​ယဥ်​ကျေး​မှု​ ​ပြ​ပွဲ​တစ်​ခု​ကို​ ​ကျင်း​ပ​မည်​ဖြစ်​ရာ​ ထူး​ထူး​ခြား​ခြား​ ​တား​မြစ်​ကန့်​သတ်​မှု​အ​ဖြစ်​ ​ကိုယ်​ဝန်​ဆောင်​နှင့်​ ​ဓ​မ္မ​တာ​လာ​နေ​သော​ ​အ​မျိုး​သ​မီး​များ​ ​တက်​ရောက်​ကြည့်​ရှု​ခွင့်​ ​မ​ပြု​ကြောင်း​ ​သိ​ရ​သည်​။​

​န​ယူး​ဇီ​လန်​ဟာ​ရယ်​ ​သ​တင်း​စာ​က​ ​ဝယ်​လင်​တန်​ရှိ​ ​န​ယူး​ဇီ​လန်​ ​အ​မျိုး​သား​ပြ​တိုက်​တွင်​ ​ကျင်း​ပ​မည့်​ ​ပြ​ပွဲ​မှာ​ ​ရှေး​ဟောင်း​ ​မွိုင်​ရီ​တို့​၏​ ​အ​လေ့​အ​ထ​ကို​ ​ထင်​ဟပ်​စေ​ရန်​ ​ယ​ခု​တား​မြစ်​မှု​ကို​ ​ထည့်​သွင်း​ထား​ခြင်း​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​မွိုင်​ရီ​တို့​သည်​ ၎င်း​တို့​၏​ပွဲ​တော်​များ​၊​ ​အ​ခမ်း​အ​နား​များ​သို့​ ​ကိုယ်​ဝန်​ဆောင်​နှင့်​ ​ဓ​မ္မ​တာ​လာ​နေ​သည့်​ ​အ​မျိုး​သ​မီး​များ​ကို​ ​တက်​ရောက်​ခွင့်​ ​မ​ပေး​ချေ​။​

​နိုင်ငံ​၏​ ​အ​မျိုး​သ​မီး​ ​အ​ခွင့်​အ​ရေး​ ​လှုပ်​ရှား​မှု​တွင်​ ​ထင်​ရှား​သည့်​ Blogger​ ​တစ်ဦး​ဖြစ်​သည့်​ ​ဒါ​ဘော့​ချ်​ရက်​ဆဲ​က​ ​ရှေး​နှစ်​ပေါင်း​ ​များ​စွာ​က​ ​ထုံး​စံ​ဓ​လေ့​ကို​ ​ခေတ်​သစ်​ထိ​ ​သယ်​ဆောင်​လာ​ခြင်း​မှာ​ ​မ​သင့်​လျော်​ကြောင်း​ ​ကန့်​ကွက်​ခဲ့​သည်​။​ န​ယူး​ဇီ​လန်​ ​အ​နု​ပ​ညာ​၊​ ​ယဥ်​ကျေး​မှု​နှင့်​ ​အ​မွေ​အ​နှစ်​ ​ထိန်း​သိမ်း​ရေး​ ​ဝန်​ကြီး​ဖြစ်​သူ​ ​ခ​ရစ်​ဖင်​လေ​ဆွန်​က​ ​တား​မြစ်​ချက်​ကို​ ​အ​ကျံုး​ဝင်​ကြောင်း​ ​အ​သိ​အ​မှတ်​ ​ပြု​ပေး​မည်​ ​မ​ဟုတ်​သ​လို​ ​အ​မျိုး​သ​မီး​များ​အ​နေ​နှင့်​ ​ယင်း​အ​ချက်​ကို​ ​မျက်​ကွယ်​ပြု​ခွင့်​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ပြ​ပွဲ​စီ​စဥ်​သူ​များ​က​မူ​ ​မွိုင်​ရီ​တို့​၏​ ​ဓ​လေ့​သ​ဘာ​ဝ​ကို​ ​ထင်​ဟပ်​စေ​လို​သ​ဖြင့်​ ​ယ​ခု​လို​ ​စီ​စဥ်​ခြင်း​ဖြစ်​ပြီး​ ​အ​ခြား​သော​ ​ပြ​ပွဲ​များ​တွင်​ ​ယင်း​ကန့်​သတ်​မှု​မျိုး​ ​ထည့်​သွင်း​မည်​မ​ဟုတ်​ဟု​ ​ပြော​ဆို​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here