အင်​အား​ပြင်း​​ ​တိုင်​ဖွန်း​မုန်​တိုင်း​​ ​ဖီ​လစ်​ပိုင်​နိုင်ငံ​သို့​​ ​ဝင်​ရောက်​တိုက်​ခတ်

alt

အင်​အား​ပြင်း​ထန်​သော​​ ​တိုင်​ဖွန်း​မုန်​တိုင်း​ကြီး​​ ​တိုက်​ခတ်​သွား​ပြီး​နောက်​​ ​ဖိ​လစ်​ပိုင်​နိုင်ငံ​တွင်​​ ​ရိ​က္ခာ​ဆိုင်​ရာ​ ​အ​ကြပ်​အ​တည်း​များ​ ​ကြံု​လာ​ရ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ တစ်​နာ​ရီ​ ​၁၆၈​ ​မိုင်​နှုန်း​ဖြင့်​ ​ဖိ​လစ်​ပိုင်​မြောက်​ပိုင်း​ကို​ ​အောက်​တို​ဘာ​ ​၁၈​ ​ရက်​နေ့​က

​ ​ဖြတ်​ကျော်​တိုက်​ခတ်​သွား​သည့်​​ ​မက်​ဂီ​မုန်​တိုင်း​ကြောင့်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ဆန်​စ​ပါး​ ​ဝယ်​ယူ​မှု​ ​အ​မြင့်​မား​ဆုံး​ ​နိုင်ငံ​အ​နေ​နှင့်​ ​ဆန်​တန်​ချိန်​ ​မက်​ထ​ရစ်​တန်​ ​ခြောက်​သိန်း​ကျော်​မျှ​ ​ဆုံး​ရှံုး​ဖွယ်​ရှိ​ကြောင်း​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​ဆီ​ဂါ​ရန်​နှင့်​ ​အစ်​ဇ​ဘယ်​လာ​တို့​ကဲ့​သို့​ ​မုန်​တိုင်း​ဒဏ်​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခံ​လိုက်​ရ​သော​ ​ဒေ​သ​များ​တွင်​ ​ဆန်​စ​ပါး​ ​အ​မြောက်​အ​မြား​ ​လေ​လွင့်​ပျက်​စီး​ခဲ့​သည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​စိုက်​ပျိုး​ရေး​ဌာ​န​ ဒု​တိ​ယ​ဝန်​ကြီး​ ​အန်​တို​နီ​ယို​ ​ဖ​လီ​တာ​က​ ​ခန့်​မှန်း​သုံး​သပ်​ခဲ့​သည်​။​ ​အ​ဆို​ပါ​ ​ဒေ​သ​နှစ်​ခု​အ​တွင်း​ ​စ​ပါး​စိုက်ဧ​က​ ​၁၅၇၀၀၀​ မျှ​ ​ပျက်​စီး​မှု​များ​ ​ကြံု​တွေ့​ခဲ့​ရ​ကြောင်း​ ​ဖ​လီ​တာ​က​ဆို​သည်​။​ ​အ​ကျိုး​ဆက်​အ​နေ​နှင့်​ ​နိုင်ငံ​နှင့်​ ​ဒေ​သ​တွင်း​ ​အိမ်​နီး​ချင်း​များ​၏​ ​ဆန်​ေ​ဈး​ကို​ ​သက်​ရောက်​မှု​ ​ရှိ​လာ​နိုင်​ကြောင်း​ ​ယင်း​က​ ​ဆက်​လက်​ပြော​ဆို​သွား​သည်​။

​ ​ဖိ​လစ်​ပိုင်​သည်​ ​ယ​ခု​နှစ်​အ​တွင်း​ ​ဆန်​စ​ပါး​တန်​ချိန်​ ငါး​သိန်း​ကျော်​မျှ​ ​ပို​မို​တိုး​မြှင့်​ ​ဝယ်​ယူ​ရ​ဖွယ်​ ​ရှိ​နေ​ပြီး​ ​ထိုင်း​နှင့်​ ​အ​မေ​ရိ​ကန်​တို့​မှ​ တင်​သွင်း​မှု​ကို​ ​ပို​မို​တိုး​မြှင့်​ရ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here