​နိုင်ငံ​တော်​အ​လံ​သစ်အား​​ ​စ​တင်​သုံး​စွဲ​​တော့​မည်

alt

​၂၀၀၈​ ​ခု​နှစ်​ ​အ​ခြေ​ခံဥ​ပ​ဒေ​အ​ရ​ ​ပေါ်​ပေါက်​လာ​သည့်​​ ​ပြည်​ထောင်​စု​သ​မ္မ​တ​မြန်​မာနိုင်ငံ​တော်​၏​ ​အ​လံ​သစ်​အား​​ ​၂၁​ ​ရက်​ ​အောက်​တို​ဘာ​လ​ ​၂၀၁၀​ ​ခု​နှစ်​ ​ည​နေ​ ​၃​ ​နာ​ရီ​အ​ချိန်​တွင်​ ​တ​နိုင်ငံ​လုံး​လွှင့်​တင်​ပွဲ​ ​ပြု​လုပ်​ရ​မည်​ဟု​

ဝန်​ကြီး​ဌာ​န​များ​​၊​​ ​အ​စိုး​ရ​ရုံး​များ​​၊​​ ​ကျောင်း​များ​အား​လုံး​အား​​ ​ညွန်​ကြား​ချက်​ထုတ်​ပြန်​ထား​လိုက်​ကြောင်း​​ ​သ​တင်း​ရ​ရှိ​သ​ည်​။​​ ဒီ​က​နေ့​မှ​စ​တင်​ကာ​ ​နေ​ပြည်​တော်​ရှိ​ ဝန်​ကြီး​ဌာ​နများ​တွင်​ ​အ​စမ်း​တင်​လေ့​ကျင်​ကြ​ရ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​​ ​မ​နက်​ဖန်​ ​စ​တင်​မည့်​​ ​နိုင်ငံ​တော်​အ​လံ​သစ်တင်​ပွဲ​အ​ခမ်း​အ​နား​အား​​ ​တ​နိုင်ငံ​လုံး​အ​နေ​ဖြင့်​​ ​ည​နေ​ ​၃​ ​နာ​ရီ​တိ​တိ​တွင်​ ​စ​တင်​ရ​မည်​ဖြစ်​ပြီး​​​၊​​ အ​ခြား​ပြည်​နယ်​နှင့်​တိုင်း​များ​တွင်​ တိုင်း​မှူ​များ​​၊​​ ​ပြည်​နယ်​မှူ​များ​​ဖြင့်​တိုင်​ပင်​ကာ​ ​ဆက်​လက်​လုပ်​ဆောင်​ရန်​ ​ညွှန်​ကြား​ချက်​တွင်​ ​ပါ​ရှိ​သည်​။​​

အ​ဆို​ပါ​ ​အ​လံ​သစ်​ဖွင်​ပွဲ​အား​​ ​ဗေ​ဒင်​ကိန်း​ဂ​ဏန်း​​ အ​လိုအ​ရ​​ ၂၁​ ​ရက်​ ​၃​ နာရီ​ ​( ၂ + ၁ = ၃ ) တွင်​ ​ပြု​လုပ်​ရန်​ ​ညွှန်​ကြား​ချက်​ကြောင့်​လည်း​​ ​ဖြစ်​ကြောင်း​​ ​သိ​ရ​သည်​။​

မ​နက်​ဖန်​တွင်​ ​စ​တင်​အ​သုံး​မည့်​​ ​နိုင်ငံ​တော်​အ​လံ​သစ်သည်​ ​၂၀၀၈​ ​ခု​နှစ်​အ​ခြေ​ခံဥ​ပ​ဒေ​အ​ရ​ ​ကြယ်ဖြူသည် ပြည်ထောင်စုနိုင်ငံတော်ကို ကိုယ်စားပြုပြီး အစိမ်းရောင်က စိုက်ပျိုးရေးကိုအခြေခံသည့်​ စိမ်းလန်း​ စိုပြည်သော​ နိုင်ငံတော်၊ အဝါရောင်က တိုင်းရင်းသား​ အားလုံး ချစ်ခင်ရင်းနှီး ညီညွတ်စည်းလုံးစွာရှိခြင်းနှင့် အနီရောင်မှာ ရဲရင့်ပြတ်သားခြင်း စသည့်​ အဓိပ္ပာယ်အသီးသီးဆောင်သည်ဟုဆိုပြီး​​၊​​ နိုင်ငံတော်သီချင်းကိုမူ အပြောင်းအလဲမရှိ ဆက်လက်​သုံး​စွဲ​မည်​ဖြစ်​ကြောင်း​သ​တင်း​ရ​ရှိ​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here