အာ​ကာ​သ​ထဲ​ရောက်​သွားသ​ည့်​ iPone

alt

အမေရိကန်​နိုင်ငံ​မှ​​ ​သား​အ​ဖ​နှစ်ဦး​သည်​ iPhone​တစ်​လုံး​ကို​​ ​အာ​ကာ​သ​ထဲ​ ​လွှတ်​တင်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ New​ York​ ​မ​ဂ္ဂ​ဇင်း​တွင်​​ ​ဖော်​ပြ​ထား​မှု​အ​ရ​​ ​ဘ​ရွတ်​က​လင်း​တွင်​ ​နေ​ထိုင်​သည့်​​ ​လုခ်​ဂီ​လက်​ဘူ​လာ​သည်​ ​ ​က​မ္ဘာ၏​ ​လုံး​ဝန်း​မှု​နှင့်​ ​ပတ်​သက်​ပြီး ​ဗီ​ဒီ​ယို​ ​မှတ်​တမ်း​တင်​နိုင်​ရန်​ ​၈​ ​လ​မျှ​ ​အ​ချိန်​ယူ​ကာ​

​သု​တေ​သ​န​ပြု​ ​လေ့​လာ​နေ​ခဲ့​ကြောင်း​ iPhone​ Download​ Blog​ ​တွင်​ ​ဖော်​ပြ​ထား​သည်​။

​ ၎င်း​နှင့်​ ​သား​ဖြစ်​သူ​တို့သည်​ Apple​​ ကု​မ္ပ​ဏီ​က​ ​ထုတ်​လုပ်​သည့်​ ​နာ​မည်​ကျော်​ ​လူ​ကြိုက်​များ​လှ​သော​ ​မို​ဘိုင်း​ဖုန်း​ကို​ ​ကင်​မ​ရာ​ဖွင့်​ပြီး​ ​မိုး​လေ​ဝ​သ​ ​ဘော​လုံး​တွင်​ ​တ​ပ်​ဆင်​ကာ​ ​လွှတ်​တင်​ခဲ့​သည်​။​ ​၁၉​ ​မိုင်​ အ​မြင့်​ထိ​ ​တက်​ခဲ့​သော​ ​ဘော​လုံး​တွင်​ ​ကင်​မ​ရာ​သည်​ ​ ​က​မ္ဘာ့​မျက်​နှာ​ပြင်​ကို​ ​မှတ်​တမ်း​တင်​ ​ဗီ​ဒီ​ယို​ ​ရိုက်​နိုင်​ခဲ့​သည်​။​ ​ထို့​နောက်​တွင်​မူ​ ​လေ​ဖိ​အား​ ​နည်း​လာ​ခြင်း​ကြောင့်​ ​ဘော​လုံး​မှာ​ ​ပေါက်​ကွဲ​သွား​ပြီး​ iPhone​၊​ ​ကင်​မ​ရာ​တို့​နှင့်​အ​တူ​ ​ပြန်​ကျ​လာ​ခဲ့​သည်​။​ ​ဘော​လုံး​တွင်​ ​တပ်​ဆင်​ထား​သည့်​ GPS​​ လမ်း​ကြောင်း​ပြ​ ​စ​နစ်​ကို​ ​အ​သုံး​ပြု​ပြီး​နောက်​ ​ဂီ​လက်​ဘူ​လာ​သည်​ ​အ​ဆို​ပါ​ ​ဖုန်းအား​ ​ပြန်​လည်​ရ​ရှိ​ခဲ့​သည်​။​ ​ယင်း​သည်​ ​က​မ္ဘာ့​လေ​ထု​ကို​ ​ကျော်​လွန်​ကာ​ ​အာ​ကာ​သ​ထဲ​ထိ​ ​ရောက်​ရှိ​ခဲ့​သည့်​ iPhone​​ ၏​ ​မိ​နစ်​ ​၉၀​ ​ကြာ​ ​မှတ်​တမ်း​မှ​ ​၆​ ​မိ​နစ်​စာ​ကို​ ​တစ်​က​မ္ဘာ​လုံး​သို့​ ​ပြ​သ​ရန်​ ​လွှင့်​တင်​ပေး​ခဲ့​သည်​။​

ဂီ​လက်​ဘူ​လာ​တို့​ ​သား​အ​ဖ​သည်​ ​က​မ္ဘာ​မြေ​ကို​ ​ဓာတ်​ပုံ​ရိုက်​နိုင်​မည့်​ ​အ​လွယ်​ဆုံး​နည်း​ကို​ ​မျှ​ဝေ​ခဲ့​ပြီး​ ​အ​ခြား​သော​ ​မိ​သား​စု​များ​လည်း​ ​အ​ပျော်​တမ်း​ ​လုပ်​ဆောင်​နိုင်​စေ​ရန်​ ​အ​ကူ​အ​ညီ​ပေး​နေ​ကြောင်း​ iPhone​ Download​ Blog​​ တွင်​ ​ဖော်​ပြ​ထား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here