နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ရှင်​အား​လွှတ်​ပေး​ရန်​ ​တ​ရုတ်​နိုင်ငံ​မှ​ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ ​အ​ဖွဲ့​တောင်း​ဆို

alt

တရုတ်နိုင်ငံမှ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသည့် အဖွဲ့တစ်ခုက နိုဘယ်​ ငြိမ်းချမ်းရေး​ ဆုရှင် လျူဇီဘိုအား လွှတ်ပေးရန် တရုတ်​ အစိုးရအား ဖိအားပေး တောင်းဆို​ လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေး စာတမ်းတစ်ခု ရေးသား​ တင်သွင်း​ ခဲ့သည့်နောက် တရုတ်​ အစိုးရ၏ ထောင်ဒဏ် ၁၁ နှစ် ချမှတ်မှု​ ကို ခံနေရသည့် လျူအား ချက်ချင်း​ လွှတ်ပေးရန် အင်တာနက်မှ​ တဆင့် လွှင့်တင်​ ထားသည့် အိတ်ဖွင့်​ ပေးစာအတွင်း ရေးသား​ ထားသည်။ တရုတ်​ အစိုးရသည် လျူအား ထောက်ခံမှု​ ဟူသမျှကို ရာဇဝတ်မှု​ အဖြစ် သတ်မှတ်မည်​ ဖြစ်ကြောင်း ခြိမ်းခြောက်​ ထားသည့်တိုင် လူပေါင်း ၁၀၀ ကျော်တို့က အသက် ၅၄ နှစ်ရှိ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို လွှတ်ပေးရန် ဝိုင်းဝန်း​ တောင်ဆို​ ထားကြသည်။

အောက်တိုဘာ ၈ ရက်နေ့က နိုဘယ်​ ငြိမ်းချမ်းရေးဆုအတွက် လျူအား ရွေးချယ်ကြောင်း ကြေညာခဲ့ရာ တရုတ်​ အစိုးရ​ အတွက် အကြီးအကျယ် ဒေါသ​ ထွက်စရာ ဖြစ်လာသလို နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ အခြေစိုက်ရာ ​နော်​ဝေ​ နိုင်ငံသည် တရုတ်​ နိုင်ငံ​ ၏ ရာဇဝတ်သား​ အပေါ် အားပေးအားမြှောက် လုပ်နေကြောင်း စွပ်စွဲခဲ့သည်။ လျူသည် ဒီမိုကရက်တစ် ပြုပြင်​ ပြောင်းလဲရေး စာတမ်းကို ရေးသားခဲ့မှုကြောင့် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ​ ကတည်းက ဖမ်းဆီးခြင်း ခံထား​ ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here