​ရှန်​ဟိုင်း​အိုး​ပင်း​တင်း​နစ်​ဗိုလ်​လု​ပွဲ​​ ​အင်​ဒီ​ရော့​ဒစ်​ ​ဗိုလ်​စွဲ

alt

တ​ရုတ်​နိုင်ငံ​တွင်​​ ​အောက်​တို​ဘာ​ ​၁၇​ ​ရက်​နေ့​က​​ ​ကျင်း​ပ​သည့်​ ​ရှန်​ဟိုင်း​အိုး​ပင်း​​ ​တင်း​နစ်​ဗိုလ်​လု​ပွဲ​တွင်​​ ​အင်​ဒီ​ရော့​ဒစ်​က​ ​ရော်​ဂျာ​ဖက်ဒါ​ရာ​အား​​ ​အ​နိုင်​ရ​ရှိ​သွား​ကြောင်း​​ ​သိ​ရသည်​။​

​ဗြိ​တိန်​၏​​ ​နံ​ပါတ်​ ​၁​ ​တင်း​နစ်​သ​မား​သည်​ ​က​မ္ဘာ့​အ​ဆင့်​ ​၂​ ​ရှိ​သော​ ​ဆွစ်​ဇာ​လန်​ ​တင်း​နစ်​အ​ကျော်​အ​မော်​ ​ဖက်ဒါ​ရာ​ကို​ ​၆-၃​၊​ ​၆-၂​ ​နှင့်​ ​နှစ်​ပွဲ​ပြတ်​ ​အ​နိုင်​ရ​ခဲ့​သည်​။​ ​အ​သက်​ ​၂၈​ ​နှစ်​ရှိ​ ​ဖက်​ဒါ​ရာ​သည်​ ​ယ​ခု​ပွဲ​စဥ်​တွင်​ ​အ​ကောင်း​ဆုံး​ ​လက်​စွမ်း​မ​ပြ​နိုင်​ဘဲ​ ​လွဲ​ချော်​မှု​များ​ကြောင့်​ Break​ Point​ ​၆​ ​ကြိမ်​နှင့်​ Break​ Service​ ​၄​ ​ကြိမ်​တို့​တွင်​ ​အ​ခွင့်​အ​ရေး​ကို​ ​လက်​လွတ်​ဆုံး​ရှံုး​ခဲ့​ရ​သည်​။​ ပွဲ​အ​ပြီး​ ​ဆု​လက်​ခံ​ယူ​ချိန်​တွင်​ ​မာ​ရေး​က​ ​ဖက်​ဒါ​ရာ​ကဲ့​သို့​ ​အ​လွန်​ထူး​ချွန်​သူ​ ​တစ်ဦး​နှင့်​ ​ထိပ်​တိုက်​ရင်​ဆိုင်​ရ​တိုင်း​ ​အ​မြဲ​ပျော်​ရွှင်​မိ​ကြောင်း​၊​ ​ရှန်​ဟိုင်း​အိုး​ပင်း​တွင်​ ​ဖက်​ဒါ​ရာ​အား​ ​အ​နိုင်​ကာ​ ​ဗိုလ်​စွဲ​နိုင်​ခဲ့​သည့်​အ​တွက်​ ​ဝမ်း​သာ​ဂုဏ်​ယူ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

ဒု​တိ​ယ Set​ တွင်​ ​အ​မှား​များ​ခဲ့​သော​ ​ဖက်​ဒါ​ရာ​က​လည်း​ မာ​ရေး​သည်​ ​အ​ရည်​အ​ချင်း​ရှိ​သော​ ​လူငယ်​လေး​တစ်ဦး​ဖြစ်​ကြောင်း​ ​ချီး​ကျူး​ပြော​ကြား​ခဲ့​သည်​။​ အ​သက်​ ​၂၃​ ​နှစ်​ရှိ​ ​စ​ကော့​လူ​မျိုး​ ​မာ​ရေး​သည်​ မိ​မိ​၏​ Service​အ​လှည့်​တွင်​ ​ရ​နိုင်​သော​ ​အ​မှတ်​အား​လုံး​၏​ ​၇၆​ ​ရာ​ခိုင်​နှုန်း​ကို​ ​အ​မှား​မ​ရှိ​ဘဲ​ ​ရ​ယူ​နိုင်​ခဲ့​ခြင်း​ကြောင့်​လည်း​ ​ယ​ခု​ပွဲ​တွင်​ ​ဖက်​ဒါ​ရာ​အား​ ​အ​နိုင်​ရ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here