​က​မ္ဘာ့​အ​ရှည်​လျား​ဆုံး​ ဥမင်လှိုဏ်ခေါင်း​ အပြီးသတ် ဖောက်လုပ်​ နိုင်တော့မည်

alt

ဆွစ်ဇာလန်နိုင်ငံတွင် အဲ့ပ်စ်​ တောင်တန်းများအား ဖြတ်သန်း​ ဖောက်လုပ်မည့် ကမ္ဘာ့​ အရှည်လျားဆုံး ဥမင်​ လှိုဏ်ခေါင်းကို အပြီးသတ် ဖောက်လုပ်​ နိုင်တော့​ မည်ဟု သိရသည်။

ဥရောပ တနံတလျားကို ချိတ်ဆက်ပေးမည့် အဓိက မြန်နှုန်းမြင့် ရထားလမ်းကြီး တစ်ခုတွင် အစိတ်​ အပိုင်း​ အဖြစ် ပါဝင်မည့် ယင်း​ ဥမင်​ အတွက် နောက်ဆုံးပိုင်းကို အပြီးသတ်ရန် ကြီးမားလှသည့် လွန်သွား ကြီးများ အသင့်​ ပြင်ဆင်ထားပြီး​ ဖြစ်သည်။ ဂေါ့ဟတ်ဥမင်သည် ၅၇ ကီလိုမီတာ ရှည်လျားပြီး ဥရောပ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်​ ပေးရာတွင် အချက်အချာ လမ်းကြောင်း​ တစ်ခု ဖြစ်လာမည်ဟု​ ဆိုသည်။ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်မည့် ဥမင်​ အတွက် လမ်းပိုင်းများ တည်ဆောက်​ ရဦးမည်​ ဖြစ်ပြီး ယင်းလမ်းကို အသုံးပြု​ လာနိုင်ပါက အီတလီနိုင်ငံ မီလန်မြို့မှ ဆွစ်ဇာလန်ရှိ ဇူးရစ်သို့ ၃ နာရီမျှပင် မကြာဘဲ ခရီး​ ပေါက်နိုင်​ မည်ဖြစ်ပြီး ထိုမှတဆင့် မြောက်ပိုင်းရှိ ဂျာမနီသို့ အလွယ်တကူ ကူးသန်း​ ရောက်ရှိ​ နိုင်မည်ဟု သိရသည်။

၃၁ ပေ အချင်း​ ရှိသော လွန်​ တူးစက်ကြီးများဖြင့် ၁၅ နှစ်ကြာ ဖောက်လုပ်ခဲ့သော ဥမင်သည် ၁.၅ မီတာရှိသည့် ကျောက်စိုင်​ ကျောက်သားကို ဆက်လက်​ တူးဖောက်​ ရဦးမည်​ ဖြစ်သည်။ တူးဖော်ရေး​ လုပ်သား ၂၅၀၀ ကျော်တို့သည် ဥမင်​ ဖောက်လုပ်မှု အပြီးသတ်​ ချိန်တွင် အနီးရှိ ဆီဒန်ရွာတွင် အတူတကွ အောင်ပွဲ​ ကျင်းပရန် စိုင်းပြင်း​ နေကြသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ ဟွန်ရှူးနှင့် ဟော်ကိုင်ဒိုး​ ကျွန်းများကို ဆက်သွယ်ထားသည့် ဆယ်ကန်​ ဥမင်သည် ၅၃.၈ ကီလိုမီတာဖြင့် ကမ္ဘာ့​ အရှည်ဆုံး ဥမင်​ အဖြစ် ရပ်တည်​ နေသော်လည်း ဂေါ့ဟတ်က ယင်းအား ကျော်ဖြတ်​ နိုင်မည်ဟု သိရှိ​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here