စား​စ​ရာ​မ​ရှိ​သ​ဖြင့်​ ​ထောင်​ကျ​စေရန်​ ​လုပ်​ဆောင်​ခဲ့​သည့်​ ​မ​လေး​ရှား​ပြ​ည့်​တန်​ဆာ

alt

မလေးရှားနိုင်ငံမှ ပြည့်တန်ဆာ တစ်ဦးသည် တမင်တကာ ထောင်ကျအောင် စီမံ လုပ်ဆောင် ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ အသက် ၄၃ နှစ်ရှိ ပါတီမာ အေရပ်သည် ရဲတစ်ဦးအား လိင် ဆက်ဆံရန် သွေးဆောင် တောင်းဆို ခဲ့ပြီးနောက် အဖမ်းခံ ခဲ့ရသည်။

ကွာလာလမ်ပူတွင် နေထိုင်သော ပါတီမာက စားစရာ မရှိသည့် အခြေအနေတွင် ထောင် ထမင်းကို စားခွင့် ရရန် အတွက် ယခုလို ကြံဆောင် ခဲ့ခြင်း ဖြစ်ကြောင်း အောက်ရုံး တရားသူကြီး နော်ဒရီနာ အက်အဇစ်ထံ ဖြောင့်ချက် ပေးခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က ခင်ပွန်းဖြစ်သူ သေဆုံး သွားပြီးနောက် သူမ အတွက် နေထိုင် စားသောက်မှု အလွန် ခက်ခဲခဲ့ကြောင်း ထောင်ဒဏ် ၆ လ ကျခံရန် စီရင်ချက် ချမှတ် ခံလိုက်ရသော အမျိုးသမီးက ဆိုသည်။ သူမသည် ၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့က ကန်တန်းတွင် ပြည့်တန်ဆာ တိုက်ဖျက်မှု စစ်ဆင်ရေး တစ်ခု အတွင်း အဖမ်းခံရစဥ် ရဲ တစ်ဦးအား ရင်းဂစ်ငွေ ၅၀ ဖြင့် လိင် ဆက်ဆံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

တရားသူကြီး နော်ဒရီနာက အပြီးသတ် ကြားနာမှုအတွင်း ပါတီမာကို ဒဏ်ကြေးတစ်ရပ် ချမှတ်ရန် ဆုံးဖြတ် ခဲ့သော်လည်း အမျိုးသမီးက သူမတွင် ပေးချေစရာ ငွေမရှိကြောင်းနှင့် ထောင်ထဲတွင် ရှိနေပါက အစားအသောက် အတွက် မပူရသည့် အတွက် ကျေနပ်ကြောင်း ပြောဆို ခဲ့သဖြင့် ယခုလို ထောင်ဒဏ် ချမှတ် လိုက်ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here