​ဇင်​ဘာ​ဘွေ​တွင်​ ​အ​မျိုး​သား​များ​အား​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​မှု​​ဖြစ်​ပွား

alt

ဇင်​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

​ ​ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဥ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။​ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။​ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။​ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။​

​ဇင်​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျံုး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။​ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။​ ​ထို​စ​ဥ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။​ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here