3D​​ နည်း​ပ​ညာ​ဖြင့်​​ ​ရိုက်​ကူး​မည့်​​ ​ကွန်​ဖူး​ဇာတ်​ကား​တွင်​​ ​ဂျက်​လီ​ပါဝင်​​ ​သ​ရုပ်​ဆောင်​မည်

alt

3D နည်းပညာဖြင့် ရိုက်ကူးမည့် ကွန်ဖူး ဇာတ်ကား တစ်ခုတွင် ဂျက်လီ ပါဝင် သရုပ်ဆောင် မည်ဟု သိရသည်။ Flying Swords of Dragon Gate ဇာတ်ကားတွင် ဂျက်လီသည် ဒါရိုက်တာ ဆူဟက်နှင့် အတူ တွဲဖက် ပါဝင် သွားမည် ဖြစ်သည်။

ဆူ၏ ဇနီးဖြစ်သူ ပရိုဂျူဆာ နန်ဆန်ရှူးက ဂျက်လီသည် တရုတ်မျ ဇူဇါန်း၊ ချန်ကွန်နှင့် ထိုင်ဝမ်ရုပ်ရှင်စတား ကွယ်လွန်းတို့နှင့်အတူ ယခု ဇာတ်ကား အတွင်း သရုပ်ဆောင် သွားမည်ဟု AP​ သတင်းဌာန သို့ အတည်ပြု ပြောကြား ခဲ့သည်။ အမေရိကန် ဒေါ်လာ ၃၅ သန်း ကုန်ကျမည့် ဇာတ်ကားကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ရုံတင် နိုင်ရန် မျှော်လင့် ထားသည်။

တရုတ်၏ Sina.com ဝက်ဆိုက်တွင် အဆိုပါ ဇာတ်ကားမှာ ဟောင်ကောင်တွင် ပြီးခဲ့သည့် သီတင်းပါတ်က စတင် ရိုက်ကူး​ နေပြီဟု ဖော်ပြ​ ထားသည်။ ဆူသည် ၁၉၉၀ ပြည့်​ လွန်နှစ်များက ဂျက်လီနှင့်​ အတူ Once Upon a Time in China​ ကို ရိုက်ကူး ပြီး​ နောက်ပိုင်း ပထမဆုံး​ အကြိမ်​ အဖြစ် ပြန်လည် လက်တွဲ​ ခဲ့ခြင်း​ ဖြစ်သည်။

ဂျက်လီသည် နောက်ပိုင်းတွင် ဟောလီးဝုဒ်သို့ ကူးပြောင်း​ ခြေချခဲ့ပြီး Ocean Heaven​ နှင့် Expendable​ စသော ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here