အ​လွန်​ကြီ​မား​သည့်​​ လူ​တူ​သ​တ္တ​ဝါ​ကြီး​အ​ကြောင်း​​ ဖြစ်ရပ်​ဆန်း​​ တ​ရုတ်​နိုင်ငံ​တွင်​ခေတ်​စား​နေ

alt

တ​ရုတ်​နိုင်ငံ​တွင်​​ လက်​ရှိ​ခေတ်​စား​နေ​သည့်​​ သ​ဘာ​ဝ​လွန်​ ​ဖြစ်​ရပ်​များ​မှာ​ UFO​​ ခေါ်​ ​ပန်း​ကန်​ပြား​ပျံ​ ​တစ်​မျိုး​တည်း​ ​မ​ဟုတ်​ချေ​။​ ​ရှန်​ဂ​ရီ​လာ​ ​တော​အုပ်ဧ​ရိ​ယာ​အ​တွင်း​ ​ကျက်​စား​နေထိုင်​သည့်​ Big​ Foot​​ ခေါ်​ ​အ​လွန်​ကြီး​မား​သည့်​ ​လူ​တူ​သ​တ္တ​ဝါ​ကြီး​တစ်​မျိုး​

​အ​မှန်​တ​ကယ်​ ​ရှိ​မ​ရှိ​ကို​ ​သိ​ပ္ပံ​နည်း​ကျ​ ​လေ့​လာ​ရန်​ ​တ​ရုတ်​ပ​ညာ​ရှင်​များ​က​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။

​ ​တ​ရုတ်​နိုင်ငံ​၊​ ​ဟူ​ဘိုင်​အ​လယ်​ပိုင်း​တွင်​ ​အ​ခြေ​စိုက်​သည့်​ ​သု​တေ​သ​န​ ​အ​ဖွဲ့​တစ်​ခု​က​ ​ဒဏ္ဍာ​ရီ​ဆန်​ဆန်​ ​ပြော​ဆို​နေ​သည့်​ Big​ Foot​​ ခေါ်​ ​သ​တ္တ​ဝါ​ကြီး​များ​ ​က​မ္ဘာ​ပေါ်​တွင်​ ​ရှိ​မ​ရှိ​ကို​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​နှင့်​ ​စူး​စမ်း​လေ့​လာ​သူ​ ​၁၀၀​ ​ကျော်​ပါ​ဝင်​သည့်​ ​အ​ဖွဲ့​ဖြင့်​ ​လေ့​လာ​သွား​မည်​ဟု​ ​အ​တည်​ပြု​ခဲ့​သ​ည်​။​ ​၁၉၈၀​ ​ပြည့်​လွန်​နှစ်​များ​က​ ​စ​တင်​တွေ့​ရှိ​ခဲ့​သည့်​ ​ကြီး​မား​လှ​သည့်​ ​ခြေ​ရာ​ကြီး​များ​ကြောင့်​ Big​ Foot​ ​သ​တ္တ​ဝါ​ကြီး​များ​ ​ရှန်​ဂ​ရီ​လာ​တွင်​ ​ကျက်​စား​နေ​သည်​ဟူ​သော​ ​အ​ယူ​အ​ဆ​ ​​ပေါ်​ပေါက်​လာ​ခြင်း​ဖြစ်​သည်​။​ ​နှစ်​ပေါင်း​ ​၃၀​ ​မျှ​ ​ကာ​လ​အ​တွင်း​ ​ယင်း​သက်​ရှိ​များ​ ​အ​မှန်​တ​ကယ်​ ​ရှိ​နိုင်​မည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ​သဲ​လွန်​စ​အ​ချို့​ ​ပေါ်​ပေါက်​ခဲ့​ကြောင်း​ ​ဟူ​ဘိုင်း​ ​ရှေး​လူ​ရိုင်း​များ​ ​သု​တေ​သ​န​ဌာ​န​ အ​ဖွဲ့​မှ​ ​ဒု​တိ​ယဥ​က္က​ဌ​ ​လျူ​ဘို​ရှန်​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ယုံ​ကြည်​မှု​များ​အ​ရ​ Big​ Foot​ ​များ​သည်​ ​အ​ရှည်​ ​၂​ ​မီ​တာ​အ​ထက်​ ​မြင့်​မား​ထွား​ကျိုင်း​ပြီး​ မီး​ခိုး​ရောင်​၊​ ​အ​နီ​ရောင်​ (​သို့​မ​ဟုတ်)​ ​အ​နက်​ရောင်​ ​အ​မွေး​များ​ ​ဖုံး​လွှမ်း​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​သည်​။​ ​ယင်း​တို့​သည်​ ​ဟိ​မ​ဝ​န္တာ​ ​တောင်​စဥ်​တန်း​များ​တွင်​ ​ကျက်​စား​နေ​သည်​ဟု​ ​ယူဆ​ရ​သော်​လည်း​ ​တိ​တိ​ကျ​ကျ​ ​သက်​သေ​မ​ပြ​နိုင်​သည့်​ ​နှင်း​လူ​များ​ကဲ့​သို့​ပင်​ ​အ​လွန်​လျှို့​ဝှက်​ဆန်း​ကျယ်​သည့်​ ​ပ​ဟေ​ဠိ​သ​ဖွယ်​ တည်​ရှိ​နေ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here