ဖ​ခင်​ကို​စွန့်​ပစ်​သွား​သည့်​​ မိ​ခင်​ဖြစ်​သူ​အား​​ သား​နှစ်​ယောက်​က​​ သတ်​ပစ်​လိုက်

alt

ဖခင်​ဖြစ်​သူ​အား​​ စွန့်​ပစ်​ကာ​ ​ချစ်​သူ​သစ်​နှင့်​​ အ​တူ​နေ​သည့်​ ​မိ​ခင်​အား​​ သား​နှစ်ဦး​က​ ​သတ်​ပစ်​လိုက်​ကြောင်း​​ သိ​ရ​သည်​။​ ​ဗြိ​တိန်​နိုင်ငံ​မှ​ ​ကြွယ်​ဝသော​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​သူ​မ​၏​ ​အ​သက်​ ​၁၆​ ​နှစ်​နှင့်​ ​၂၁​ ​နှစ်​အ​ရွယ်​ ​သား​နှစ်ဦး​က​ ​မ​သေ​မ​ချင်း​ ​ဓား​ဖြင့်​ထိုး​သတ်​သ​ဖြင့်​ ​ကွယ်​လွန်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​အ​သက်​ ​၄၀​ ​အ​ရွယ်​ ​အက်​ဆီ​ယာ​ ​ရှာ​ဇက်​သည်​ ​သူ​မ​၏​ ​ပေါင်​ခြောက်​သိန်း​တန်​ ​နေ​အိမ်​မှ​ ​ရေ​ကူး​ကန်​ထဲ​တွင်​ ​သွေး​အ​လူး​လူး​ ​ထွက်​နေ​သည့်​ ​ဓား​ဒဏ်​ရာ​များ​နှင့်​ ​သေ​ဆုံး​နေ​သည်​ကို​ ​ရဲ​များ​က​ ​တွေ့​မြင်​ခဲ့ရ​သည်​။​ ​အောက်​တို​ဘာ​ ​၉​ ​ရက်​နေ့​က​ ​သူ​မ​သည်​ ​မ​သေ​မီ​ ​အ​ရေး​ပေါ်​ ​ဖုန်း​နံ​ပါတ်​ ​၉၉၉​ ​သို့​ ​အ​ကြောင်း​ကြား​သွား​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ သူ​မ​သည်​ ​အ​သက်​ ​၄၅​ ​နှစ်​ရှိ​ ​ခင်​ပွန်း​ဟောင်း​ ​ရာ​ရှက်​နှင့်​ ​လမ်း​ခွဲ​ခဲ့​ပြီး​နောက်​ ​အေ​လက်​ဘူ​ရီ​ရှိ​ ​အိပ်​ခန်း​ခြောက်​ခန်း​ပါ​ ​နေ​အိမ်​တွင်​ ​မ​သန်​စွမ်း​ ​ဖြစ်​နေ​သည့်​ ​၁၈​ ​နှစ်​အ​ရွယ်​သား​ဖြစ်​သူ​ ​လွတ်​မန်း​၊​ ​၁၆​ ​နှစ်​ရှိ​ ​သားငယ်​ဆူ​လာ​မန်​တို့​နှင့်​ ​အ​တူ​နေ​သည်​။​ ​အ​သက်​ ​၂၁​ ​နှစ်​ရှိ​ ​သား​ကြီး​ ​အူ​စ​မန်​မှာ​မူ​ ​ထို​အိမ်​တွင်​ ​လာ​မ​နေ​ပေ​။​ ​သူ​မ​သည်​ အ​ခြား​သော​ ​အ​မျိုး​သား​ ​တစ်ဦး​နှင့်​ ​တွဲ​နေ​သည်​ကို​ ​တွေ့​ရ​ကြောင်း​ ​အိမ်​နီး​ချင်း​များ​က​ ​ရဲ​ထံ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​သူ​မ​အား​ ​သားငယ်​နှင့်​ ​သား​ကြီး​တို့​က​ ​ပူး​ပေါင်း​သတ်​ဖြတ်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​သိမ်းစ်​ဗီ​လီ​ ​ရဲ​တပ်​ဖွဲ့​မှ​ စုံ​ထောက်​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဗင်းစ်​ဂ​ရေး​က​ ​ပြော​ကြား​ခဲ့​သည်​။​

​စုံ​စမ်း​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​နေ​ဆဲ​ဖြစ်​သော်​လည်း​ ​ယ​ခု​သတ်​ဖြတ်​မှု​သည်​ ​ကြို​တင်​ရည်​ရွယ်​ ​လုပ်​ဆောင်​မှု​အ​ဖြစ်​ ​ယူ​ဆ​ရ​ကြောင်း​၊​ ​မိ​ခင်​ဖြစ်​သူ​က​ ​သူ​မ​ကို​ယ်​ကိုယ်​ ​ခု​ခံ​ရင်း​ ​ပြန်​လည်​တိုက်​ခိုက်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ​ဒဏ်​ရာ​များ​ကို​ ​ဆူ​လာ​မန်​၏​ ​ကိုယ်​ပေါ်​တွင်​ ​တွေ့​ရ​ကြောင်း​ ၎င်း​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ရဲ​တပ်​ဖွဲ့​သည်​ ​လူငယ်​နှစ်ဦး​အား​ ​ထိန်း​သိမ်း​ထား​လိုက်​ပြီ​ ​ဖြစ်​သော်​လည်း​ ​ယင်း​တို့​အ​နေ​နှင့်​ ​ဝန်​ခံ​ထွက်​ဆို​ခြင်း​ ​ရှိ​မ​ရှိ​ ​မ​ပြော​ကား​ခဲ့​သေး​ချေ​။​ ​အ​သက်​ ​၂၁​ ​နှစ်​ရှိ​ ​အူ​စ​မန်​သည်​ ၎င်း​၏​ MySpace​ဝက်​ဆိုက်​ Account​တွင်​ ​မိ​မိ​မှာ​ Gangster​ရုပ်​ရှင်​များ​ကို​ ​နှစ်​သက်​သူ​ဖြစ်​ကြောင်း​ ​ရေး​သား​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here