မော်ဒိုက်ကျွန်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များးကို ပိုမိုဆွဲဆောင်နိုင်ရန် မိန်းကလေးများ ကို အသုံးပြုမည်

alt

အိ​န္ဒိ​ယ​ ​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ရှိ​ ​မော်​ဒိုက်​ကျွန်း​နိုင်ငံ​လေး​သည်​ ​ဖြူ​လွ​သော​ ​သဲ​သောင်​ပြင်​များ​နှင့်​ ​ကြည်​လင်​သော​ ​ရေ​ပြင်​တို့​ကြောင့်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​များ​ကြား​ ​ကျော်​ကြားသည့်​ ​နေ​ရာ​လေး​တစ်​ခု​ဖြစ်​သည်​။​ ​

ယ​ခု​အ​ခါ​ ​နိုင်ငံ​၏​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သွား​ ​လုပ်ငန်း​အ​တွက်​ ​ပို​မို​ဆွဲ​ဆောင်​မှု​ရှိ​မည့်​ ​အ​ပမ်း​ဖြေ​စ​ခန်း​တစ်​ခု​ကို​ ​စီ​စဥ်​လိုက်​ပြီး​ဖြစ်​သည်​။​ ယင်း​အ​ပမ်း​ဖြေ​ ​စ​ခန်း​တွင်​ ​လှ​လှ​ပ​ပ​ ​ကြွ​ကြွ​ရွ​ရွ​ ​မိန်း​က​လေးငယ်​များ​ကို​သာ​ ​ခန့်​အပ်​ရန်​ ​ရွေး​ချယ်​ထား​ကြောင်း​ ​လစ်​သူ​ယေး​နီး​ယား​ ​ကု​မ္ပ​ဏီ​ Olialia Group​ က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​အား​လပ်​ရက်​ ​ခ​ရီး​ထွက်​လာ​သူ​များ​အ​တွက်​ ​ကျေ​နပ်​စ​ရာ​ ​အ​ပြည့်​ရ​ရှိ​မည့်​ ​ယ​ခု​စီ​မံ​ကိန်း​ကို​ ​ဗြိ​တိန်​၊​ ​ရု​ရှား​နှင့်​ ​ဂျာ​မ​နီ​တို့​က​ ​ငွေ​ကြေး​ထောက်​ပံ့​ခဲ့​ပြီး​ ​လာ​မည့်​ ​၅​ ​နှစ်​အ​တွင်း​ ​စ​တင်​လည်​ပတ်​နိုင်​မည်​ဟု​ ​ယူ​ဆ​ရ​သည်​။​

​ကု​မ္ပ​ဏီ​သည်​ ​ယ​ခု​အ​ခါ​ ​ဆွဲ​ဆောင်​မှု​ရှိ​သော​ ​အ​မျိုး​သ​မီး​များ​ကို​ ​စ​တင်​ရွေး​ချယ်​ကာ​ ​အ​ပမ်း​ဖြေ​စ​ခန်း​အတွက်​ ​အ​လုပ်​ခန့်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ကု​မ္ပ​ဏီ​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​ဂ​လီ​ဒ​ရီ​ပူ​က​လီ​နီ​က​ ​လှ​ပ​ပြီး​ ​ချစ်​စ​ဖွယ်​ကောင်း​သော​ ​အ​မျိုး​သ​မီး​လေး​များ​က​ ဧည့်​သည်​များ​အ​တွက်​ ​စိတ်​ကျေ​နပ်​မှု​ ​အ​ပြည့်​အ​ဝ​ ​ပေး​နိုင်​မည်​မှာ​ ​သံ​သ​ယ​ရှိ​ရန်​ ​မ​လို​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ABC​​ သ​တင်း​ဌာ​န​က​ ​ယ​ခု​လို​ ​မိန်း​က​လေး​များ​၏​ ​ညှို့​အား​ကို​ ​အ​သုံး​ပြု​ပြီး​ ဧည့်​သည်​များ​ကို​ ​ဆွဲ​ဆောင်​မှု​သည်​ ​အ​မေ​ရိ​ကန်​တွင်​ ​အ​ဆန်း​တ​ကျယ်​ ​မ​ဟုတ်​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​

​လက်စ်​ဗီး​ဂက်စ်​ရှိ​ ​ရေ​ကူး​ကန်​များ​တွင်​ ​အ​လွန်​လှ​ပ​သော​ ​မိန်း​က​လေး​များ​ကို​ ​စား​ပွဲ​ထိုး​မယ်​အ​ဖြစ်​ ​ခန့်​အပ်​ထား​သ​လို​ Playboy​မ​ဂ္ဂ​ဇင်း​သည်​လည်း​ ​ယ​ခင်​က​ ​အ​မေ​ရိ​ကန်​နိုင်ငံ​အ​တွင်း​ ​အ​ပမ်း​ဖြေ​စ​ခန်း​များ​ ​ဖွင့်​ခဲ့​ဖူး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here