စု​ဆောင်း​ထား​သည့်​​ ၁၉​ ​ရာ​စု​လက်​ရာ​​ ပန်း​ချီ​ကား​နှစ်​ချပ်​အား​​ ဒယ်​မီ​မိုး​ရောင်း​ချ​မည်

alt

ဒယ်​မီ​မိုး​သည်​​ သူ​မ​စု​ဆောင်း​ထား​သည့်​​ ၁၉​ ​ရာ​စု​လက်​ရာ​ ​ပန်း​ချီ​ကား​နှစ်​ချပ်​အား​ ​ရောင်း​ချ​ရန်​ ​ဆုံး​ဖြတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​ဟော​လီး​ဝုဒ်​ ​မင်း​သ​မီး​ဟောင်း​ ​ဒယ်​မီ​သည်​​ ​ဝီ​လျံ​ဘူ​ဂူ​ရူ​၏ Frere​​ et​ Soeur​ ​ဆီ​ဆေး​ပန်း​ချီ​ကား​အ​တွက်​ ​

နို​ဝင်​ဘာ​ ​၄​ ​ရက်​နေ့​ ​ပြင်​သစ်​လေ​လံ​ပွဲ​တွင်​ ​ဒေါ်​လာ​ ​၁.​၅​ ​သန်း​မျှ​ ​ရ​ရှိ​မည်​ဟု​ ​မျှော်​လင့်​နေ​သည်​။​

​၁၈၈၇​ ​ခု​နှစ်​က​ ​ရေး​ဆွဲ​ခဲ့​သော​ ​ပန်း​ချီ​ကား​သည်​ ​အ​မျိုး​သ​မီးငယ်​ ​တစ်ဦး​က​ ​သူ​မ​၏​ ​မောင်ငယ်​လေး​အား​ သိမ်​မွေ့​စွာ​ ​ပွေ့​ဖက်​ထား​ပုံ​ကို​ ​ခြယ်​မှုန်း​ထား​သည်​။​ ​ဒယ်​မီ​စု​ဆောင်း​ထား​သည့်​ ​အ​ခြား​ပန်း​ချီ​ကား​ ​တစ်​ခု​မှာ​ ​အဲ​ဖ​ရက်​စ​တီ​ဗင်​က​ ​ရေး​ဆွဲ​ထား​သော​ Mere​ et​ Ses​ Enfants​ဖြစ်​ပြီး​ ထို​ပန်း​ချီ​ကား​အ​တွက်​ ​ဒေါ်​လာ​ ​၂​ ​သိန်း​မျှ​ ​ရ​ရှိ​ရန်​ Ghost​စ​တား​ ​မင်း​သ​မီး​က​ ​မျှော်​လင့်​လျက်​ရှိ​သည်​။​ ​

ဒယ်​မီ​သည်​ ​၁၉၉၅​ ​ခု​နှစ်​အ​တွင်း​က​ Frere​ et​ Soeur​ ​ပန်း​ချီ​ကား​အား​ ​ဒေါ်​လာ​ ​၁၇၈၅၀၀​ ​ပေး​ကာ​ ​ဝယ်​ယူ​ခဲ့​ပြီး​ ​အ​ခြား​တစ်​ချပ်​အ​တွက်​မူ​ ​ဒေါ်​လာ​ ​၂၀၀၅၀၀​ ​ပေး​ခဲ့​ရ​သည်​။​ ဒယ်​မီ​သည်​ ​ဘူ​ဂူ​ရူ​၏​ ​လက်​ရာ​များ​အ​ပေါ်​ ​အ​လွန်​နှစ်​သက်​ ​သ​ဘော​ကျ​ကြောင်း​ ​ဝန်​ခံ​ခဲ့​ဖူး​သည်​။​ ​သူ​မ​သည်​ ​ယ​ခု​ပန်း​ချီ​ကား​များ​အား​ ​မည်​သည့်​ရည်​ရွယ်​ချက်​ဖြင့်​ ​ရောင်း​ချ​သည်​ကို​မူ​ ​ထုတ်​ဖော်​ပြော​ဆို​ခြင်း​ ​မ​ရှိ​ခဲ့​ချေ​။​

Frere​ et​ Soeur​​ ​ပန်း​ချီ​ကား​အား​ ​စိတ်​ဝင်​စား​နေ​သူ​ ​အ​တော်​များ​များ​ ​ရှိ​နေ​ကြောင်း​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here