​ဝေ​ဖန်​မှု​များ​ကြောင့်​ Medal​ of​ Hornor​ ​ဂိမ်း​တွင်​​ တာ​လီ​ဘန်​စစ်​သွေး​ကြွ​များ​အ​ဖြစ်​​ က​စား​ခွင့်​ဖျက်​သိမ်း

alt

ပြင်း​ပြင်း​ထန်ထန်​​ တုန့်​ပြန်​ဝေ​ဖန်​မှု​များ​ကြောင့်​ ​ကွန်​ပျူ​တာ​ဂိမ်း​ ​ကု​မ္ပ​ဏီ​ Electronic​ Arts​ (EA)​​ သည်​ ၎င်း​တို့​ ​အ​သစ်​ထုတ်​လုပ်​ ​ရောင်း​ချ​မည့်​ Medal​ of​ Honor​​ ဂိမ်း​​ခွေ​များတွင်​ ​ဂိ​မ်း​က​စား​သူ​များ​အား​ ​တာ​လီ​ဘန်​ ​စစ်​သွေး​ကြွ​များ​အ​ဖြစ်​ ​ဝင်​ရောက်​​ က​စား​ခွင့်​ကို​ ​ဖျက်​သိမ်း​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​မူ​လ​က​ ​ဂိမ်း​၏​ Multiplayer​ Mode​ ​တွင်​ ​အ​မေ​ရိ​ကန်​နှင့်​ ​မ​ဟ​ာ​မိတ်​ ​စစ်​သည်​များ​ဖက်​မှ​ရော​၊​ ​တာ​လီ​ဘန်​ ​စစ်​သွေး​ကြွ​များ​ ​အ​နေ​နှင့်​ပါ​ ​စိတ်​ကြိုက်​ Character​​ ကို​ ​ရွေး​ချယ်​ခွင့်​ ​ပေး​ထား​သည့်​တိုင်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​သေည့်​ ​စစ်​မှု​ထမ်း​ ​မိ​သား​စု​များ​က​ ​ဝေ​ဖန်​ကန့်​ကွက်​ခဲ့​သ​ဖြင့်​ ​ဆုံး​ဖြတ်​ချက်​ကို​ ​ပြောင်း​လဲ​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​အ​ထူး​သ​ဖြင့်​ ​စစ်​တပ်​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​ရင်း​ ​အ​သက်​ပေး​ခဲ့​ရ​သည့်​ ​အ​မှု​ထမ်း​များ​၏​ ​မိ​သား​စု​များ​အ​တွင်း​ရှိ​ ​က​လေး​များ​က​ ​တာ​လီ​ဘန်​တို့​၏​ Character​​ ကို​ယူ​ကာ​ ​အ​မေ​ရိ​ကန်​ ​စစ်​သား​များ​ကို​ ​ပစ်​ခတ်​သတ်​ဖြတ်​နေ​သည့်​ ​ဂိမ်း​မျိုး​အ​တွက်​ ​အ​မေ​ရိ​ကန်​ ​ပြည်​သူ​များ​က​ ​အ​ကြီး​အ​ကျယ်​ ​ကန့်​ကွက်​ခဲ့​သည်​။

​ ​အ​ကယ်၍​ ​တာ​လီ​ဘန်​များ​အ​ဖြစ်​ ​ဝင်​ရောက်​က​စား​ခွင့်​ကို​ ​မ​ပယ်​ဖျက်​ပါ​က​ ​ပြည်​တွင်း​တွင်​ ​ယင်း​ဂိမ်း​ရောင်း​ချ​ခွင့်​ကို​ ​ပိတ်​ပင်​မည်​ဟု​ ​အ​မေ​ရိ​ကန်​စစ်​ဖက်​က​ ​သ​တိ​ပေး​ခဲ့​သေး​သည်​။​ ​ထို့​ကြောင့်​ ​အ​မေ​ရိ​ကန်​ ​မ​ဟုတ်​သည့်​ဖက်​မှ​ Character​​ ကို​ ​ယူ​ရ​မည်​ဆို​ပါ​က​ ​တာ​လီ​ဘန်​တို့​အ​စား​ OPFOR​​ ဆို​သည့်​ ​လက်​နက်​ကိုင်​ ​အ​ဖွဲ့​တစ်​ခု​အား​ EA​ ​က​ ​ဖန်​တီး​ထည့်​သွင်း​ပေး​ခဲ့​သည်​။​ EA​​ က​ ​ယ​ခင်​ရောင်း​ချ​ထား​သည့်​ Medal​ of​ Honor​ ​ဂိမ်း​ ​ကော်​ပီ​ပေါင်း​ ​များ​စွာ​အ​တွက်​ ပြန်​လည်​ပြင်​ဆင်​ပေး​ရန်​​ ​ခက်​ခဲ​မည်​ဟု​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here