လျူ​ဇီ​ဘို​အား​ နို​ဘယ်​ဆု​ ​ချီး​မြှင့်​မှု​ကို​ ​ထောက်​ခံ​ခြင်း​အား​ ​ရာ​ဇဝတ်​မှု​အ​ဖြစ်​ ​တ​ရုတ်​အ​စိုး​ရ​ သတ်​မှတ်​မည်

alt

လျူ​ဇီ​ဘို​အား​​ ငြိမ်း​ချမ်း​ရေး​ ​နို​ဘယ်​ဆု​​ ချီး​မြှင့်​မှု​အား​​ ထောက်​ခံ​သူ​ ​မည်​သည့်​တ​ရုတ်​နိုင်ငံ​သား​ကို​မ​ဆို​​ ရာ​ဇ​ဝတ်​မှု​ ​ကျုး​လွန်​သူ​ဟု​ ​သတ်​မှတ်​မည်​ဖြစ်​ကြောင်း​ ​တ​ရုတ်​အ​စိုးရ​က​ ​သ​တိ​ပေး​ ​ခြိမ်း​ခြောက်​လိုက်​သည်​။​

​တ​ရုတ်​အ​စိုး​ရ​အား​ ဆန့်​ကျင်​ခဲ့​မှု​ကြောင့်​ ​ထောင်​ဒဏ်​ ​၁၁​ ​နှစ်​ချ​မှတ်​ခံ​ထား​ရ​သည့်​ ​ဇီ​ဘို​သည်​ ​ယ​ခု​နှစ်​ ​နို​ဘယ်​ဆု​ရှင်​အ​ဖြစ်​ ​ရွေး​ချ​ယ်​ခြင်း​ ​ခံ​ရ​မှု​မှာ​ ​ကွန်​မြူ​နစ်​နိုင်ငံ​ ​အ​စိုး​ရ​အ​တွက်​ ​အ​ကြီး​အ​ကျယ်​ ​ဒေါ​သ​ထွက်​စ​ရာ​ ​ဖြစ်​လာ​ရ​သည်​။​ ​အောက်​တို​ဘာ​ ​၈​ ​ရက်​နေ့​က​ ​ဇီ​ဘို​အား​ ​နို​ဘယ်​ဆု​ ​ချီး​မြှင့်​ကြောင်း​ ​ကြေ​ညာ​ခဲ့​ပြီး​နောက်​ ​တ​ရုတ်​သည်​ ​ဇီ​ဘို​၏​ ​ဇ​နီး​သည်​ ​လျူ​ဇီ​ယာ​ကို​ပါ​ ​နေ​အိမ်​အ​ကျယ်​ချုပ်​ဖြင့်​ ​ထိန်း​သိမ်း​ထား​လိုက်​သည်​။​

​ယ​ခု​အ​ခါ​ ​အ​သက်​ ​၅၄​ ​နှစ်​အ​ရွယ်​ ​နို​ဘယ်​ဆု​ရှင်​အား​ ​ထောက်​ခံ​ကြောင်း​ ​ပြော​ဆို​သည့်​ ​တ​ရုတ်​နိုင်ငံ​သား​ ​မှန်​သ​မျှ​ကို​ ​ရာ​ဇ​ဝတ်​မှု​နှင့်​ ​အ​ရေး​ယူ​မည်​ဖြစ်​ကြောင်း​ ​နိုင်ငံ​ခြား​ရေး​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​မာ​ဇို​ဇူ​က​ ​ပြော​ကြား​လိုက်​သည်​။​ ​ထို့​အ​ပြင်​ ​နော်​ဝေး​အ​ခြေ​စိုက်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​သည်​ ​ဇီ​ဘို​အား​ ​နို​ဘယ်​ဆု​ ​ချီး​မြှင့်​လိုက်​ခြင်း​မှာ​ ​တ​ရုတ်​နိုင်ငံ​အ​တွင်း​ ​အစိုး​ရ​ ​ဆန့်​ကျင်​ရေး​ ​ရာ​ဇ​ဝတ်​မှု​များ​ ​ဖြစ်​ပေါ်​လာ​အောင်​ ​အား​ပေး​အား​မြှောက်​ ​ပြု​နေ​ခြင်း​ဟု​ ​မာ​က​ ​စွပ်​စွဲ​ခဲ့​သေး​သည်​။​ ၎င်း​သည်​ ​ဇီ​ဘို​၏​ ​ဇ​နီး​အား​ ​နေ​အိမ်​အ​ကျယ်​ချုပ်​ဖြင့်​ ​ထိန်းသိမ်း​ထား​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​မှတ်​ချက်​ပေး​ရန်​ ​ကိ​စ္စ​ကို​မူ​ ​ငြင်း​ဆန်​ပယ်​ချ​သွား​သည်​။​

​တ​ရုတ်​အ​စိုး​ရ​သည်​ ​ဇီ​ယာ​နှင့်​ ​နော်​ဝေး​တာ​ဝန်​ရှိ​သူ​များ​ ​တွေ့​ဆုံ​ခွင့်​ကို​ ​ကန့်​သတ်​ပိတ်​ပင်​ထား​သ​လို​ ​နော်​ဝေး​အ​စိုး​ရ​က​ ​ဇီ​ယာ​အား​ ​လွှတ်​ပေး​ရန်​ ​တောင်း​ဆို​မှု​ကို​လည်း​ ​မျက်​ကွယ်​ပြု​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here