မှု​ခင်း​စုံ​စမ်း​ထောက်​လှမ်း​သည့်​​ မ​က္က​စီ​ကို​ရဲ​အ​ရာ​ရှိ​​ ခေါင်း​ဖြတ်​သတ်​ခံ​ရ

alt

မှု​ခင်း​တစ်​ခု​အ​တွက်​ ​လိုက်​လံ​စုံ​ထောက်​နေ​သော​ ​မ​က္က​စီ​ကို​ ​ရဲ​အ​ရာ​ရှိ​ ​တစ်ဦး​မှာ​ ​ခေါင်း​ဖြတ်​သတ်​ခံ​လိုက်ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​မေ​ရိ​ကန်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​တစ်ဦး​ ​သေနတ်​နှင့်​ ​အ​ပစ်​ခံ​ရ​ခြင်း​ကို​ ​စုံ​စမ်း​နေ​သော​

​အ​ဆို​ပါ​ ​ရဲ​အ​ရာ​ရှိ​၏​ ​ခေါင်း​ကို​ ​မ​က္က​စီ​ကို​ ​လေ​တပ်​စခန်း​ ​တစ်​ခု​၏​ ​အ​ပြင်​တွင်​ ​အ​ဝတ်​သေ​တ္တာ​ဖြင့်​ထည့်​ကာ​ ​လာ​ပို့​ထား​ပြီး​ ​ခ​န္ဓာ​ကိုယ်​ကို​မူ​ ​အ​မေ​ရိ​ကန်​နှင့်​ ​နယ်​စပ်​အ​နီး​ ​ရေ​ကန်​တစ်​ခု​နား​တွင်​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​တာ​မာ​လူး​ပတ်​ ​ဒေ​သ​ဆိုင်​ရာ​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​ရူ​ဘန်​ရီ​ယော့​က​ ​ပြော​ကြား​ခဲ့​သည်​။​

အ​သတ်​ခံ​ရ​သူ​မှာ​ ​က​လောက်​မီ​ဂွယ်​ ​အာ​လ​မန်​ ​ဒေ​သ​မှ​ ​ထောက်​လှမ်း​ရေး​ဌာ​န​၏​ ​ရဲ​အ​ရာ​ရှိ​ ​တစ်ဦး​ဖြစ်​ပြီး​ ၎င်း​သည်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ပျောက်​ဆုံး​နေ​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ ​သ​တင်း​ထုတ်​ပြန်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အောက်​တို​ဘာ​ ​၁၂​ ​ရက်​နေ့​တွင်​မူ​ ​ဖ​လော​ရက်​၏​ ဦး​ခေါင်း​ကို​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​မ​က္က​စီ​ကို​နှင့်​အ​တူ​ ​မူး​ယစ်​ဆေး​ဝါး​ ​တိုက်​ဖျက်​ရေး​အ​တွက်​ ​ဇောက်​ချ​လုပ်​ကိုင်​နေ​သည့်​ ​အ​မေ​ရိ​ကန်​ ​အ​ရာ​ရှိ​များ​က​ ​ယ​ခု​ကိ​စ္စ​သည်​ ​မ​က္က​စီ​ကို​၏​ ​နာ​မည်​ဆိုး​နှင့်​ ​ကျော်​ကြား​သည့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​၏​ ​လက်​ချက်​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ဖ​လော​ရက်​၏​ ​ခ​န္ဓာ​ကိုယ်​အား​ ​ပြန်​လည်​ရှာ​ဖွေ​ ​တွေ့​ရှိ​သည့်​ ​ဖယ်​ကွန်​ရေ​ကန်​ကြီး​မှာ​ မူး​ယစ်​ဂိုဏ်း​များ​ ​လျှို့​ဝှက်​လှုပ်​ရှား​ရာ​ ​နေ​ရာ​တစ်​ခု​လည်း​ဖြစ်​သည်​။​ အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​ ​တစ်ဦး​ဖြစ်​သူ​ ​ဒေး​ဗစ်​ဟက်​တ​လီ​ ​သေ​နတ်​နှင့်​ ​အ​ပစ်​ခံ​ရ​မှု​ကို​ ​စုံ​စမ်း​နေ​သည့်​ ​ရဲ​အ​ရာ​ရှိ​အား​ ​ရက်​ရက်​စက်​စက်​ ​သတ်​ဖြတ်​ခဲ့​ခြင်း​သည်​ ​မ​က္က​စီ​ကို​ ​မူး​ယစ်​ဂိုဏ်း​များ​၏​ ​လက်​ရဲ​ဇက်​ရဲ​နိုင်​မှု​ကို​ ​ဖော်​ပြ​လျက်​ရှိ​သည်​။​ ၎င်း​၏​ ​အ​လောင်း​ကို​ ​နှစ်​ရက်​ကြာ​ ​တော​နင်း​ရှာ​ဖွေ​မှု​များ​အ​ပြီး​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​မ​က္က​စီ​ကို​ ​ရဲ​တပ်​ဖွဲ့​က​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here