Facebook ကြောင့် အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်၏ အသက်ကို ကယ်တင်နိုင်ခဲ့

alt

Facebook​ ၏​ ​ကောင်း​မှု​ကြောင့်​​ ​ဗြိ​တိန်​မှ ​အ​သက်​ ​၂​ ​နှစ်​ခွဲအ​ရွယ်​ ​မိန်း​က​လေးငယ်​၏​ ​အ​သက်​ကို​ ​အ​ချိန်​မီ​ ​ကယ်​တင်​လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ဓာတ်​ပုံ​နှင့်​ ​သ​တင်း​အ​ချက်​အ​လက်​များ​ ​အ​ပြန်​အ​လှန်​ ​ဝေငှ​ကြ​သည့်​ Social​ Networking​ ​ဝက်​ဆိုက်​တွင်​ ​က​လေးငယ်​ ​တစ်ဦး​၏​ပုံ​ကို​ ​

မိ​ခင်​က​ ​တင်​လိုက်​ရာ​ ​ထို​ပုံ​ကို​ ​တွေ့​ရှိ​သည့်​ ​သူ​နာ​ပြု​ ​တစ်ဦး​က​ ​က​လေး​မ​လေး​တွင်​ ​မျက်​စိ​ကင်​ဆာ​ ​ဖြစ်​ပေါ်​နေ​ကြောင်း​ ​သိ​ရှိ​နိုင်​ခဲ့​သည်​။​

​နစ်​ကို​လာ​ရှပ်​သည်​ ​သူငယ်​ချင်း​ဖြစ်​သူ​ ​မစ်​ချယ်​ဖ​ရီး​မင်း​၏​ Account​ တွင်​ ​ဝင်​ရောက်​ကြည့်​ရှု​ရာ​မှ​ ​မစ်​ချယ်​နှင့်​ ​သ​မီး​လေး​ ​ဂ​ရေ့စ်​တို့​ ​အ​တူ​ရိုက်​ထား​သော​ ​ဓာတ်​ပုံ​ကို​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​ဆေး​ရုံ​လုပ်​သက်​ ​နှစ်​ ​၂၀​ ​ကျော်​ပြီ​ဖြစ်​သော​ ​အ​သက်​ ​၄၂​ ​နှစ်​အ​ရွယ်​ ​နီ​ကို​လာ​သည်​ ​ မစ်​ချယ်​အား​ ​ချက်​ချင်း​ဆက်​သွယ်​ကာ​ ​က​လေး​မ​လေး​အား​ ​ဆေး​စစ်​ရန်​ ​နှိုး​ဆော်​ခဲ့​သည်​။​ ​ရ​လဒ်​များ​အ​ရ​ ​မိန်း​က​လေး​၏​ ​ဘယ်​ဖက်​မျက်​လုံး​တွင်​ ​အ​ကြိတ်​နှစ်​ခု​ ​တွေ့​ခဲ့​ရ​ပြီး​ ​မျက်​စိ​ကင်​ဆာ​ကြောင့်​ ​သူ​မ​၏​ ​ဘ​ယ်​ဖက်​မျက်​လုံး​မှာ​ ​အ​မြင်​အာ​ရုံ​ ​လုံး​ဝ​ဆုံး​ရှံုး​နေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။

​ ​ဆ​ရာ​ဝန်​များ​က​ ​မျက်​စိ​ကင်​ဆာ​သည်​ ​ခ​န္ဓာ​ကိုယ်​၏​ ​အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သို့​ ​ကူး​စက်​ကာ​ ​အ​သက်​အ​န္တ​ရာယ်​ ​ရှိ​လာ​သည်​အ​ထိ​ ​ဖြစ်​သွား​နိုင်​ကြောင်း​ ​ပြော​ဆို​ခဲ့​ကြ​သည်​။​ ​အ​သက်​ ​၃၇​ ​နှစ်​ရှိ​ ​မစ်​ချယ်​က​ ​မိ​မိ​၏​ ​မိတ်​ဆွေ​သည်​ ​သ​မီး​လေး​၏​ ​အ​သက်​ကို​ ​ကယ်​ခဲ့​သည်​ဟု​ ​အ​မြဲ​တမ်း​ ​ကျေး​ဇူး​တင်​နေ​မိ​မည်​ဖြစ်​ကြောင်း​၊​ ​သ​မီး​လေး​ ​ဂ​ရေ့စ်​သည်​ ​မျက်​စိ​နှင့်​ ​ပတ်​သက်​ပြီး​ ​မည်​သို့​မျှ​ ​ဒု​က္ခ​ကြံု​နေ​သော​ ​ပုံ​စံ​မျိုး​ ​မ​ပြ​ခဲ့​သ​ဖြင့်​ ​ထို​ရော​ဂါ​ ​ဖြစ်​နေ​သည်​ကို​ ​လုံး​ဝ​မ​သိ​ကြောင်း​ ဝန်​ခံ​ပြော​ဆို​သွား​သည်​။​

​မစ်​ဒယ်​တန်​တွင်​ ​နေ​ထိုင်​သော​ ​နစ်​ကို​လာ​က​ ​သူ​မ​သည်​ ​က​လေး​မ​လေး​၏​ ​ဓာတ်​ပုံ​ကို​ ​မြင်​လိုက်​က​တည်း​က​ ​မျက်​လုံး​တစ်​ဖက်​ ​မူ​မ​မှန်​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​ကြောင်း​၊​ ထို့​အ​တွက်​ ​မစ်​ချယ်​ကို​ ​ချက်​ချင်း​သ​တိ​ပေး​ခဲ့​ကြောင်း​ ​ရှင်း​ပြ​သွား​သည်​။​ ​ဆ​ရာ​ဝန်​များ​က​ ​ဂ​ရေ့စ်​၏​ ​မျက်​လုံး​အ​တွင်း​မှ​ ​ကင်​ဆာ​ကြိတ်​ကို​ ​ဖယ်​ရှား​ပြီး​ ​ခ​န္ဓာ​ကိုယ်​ ​အ​စိတ်​အ​ပိုင်း​များ​သို့​ ​ပျံ့​နှံ့​မှု​ကို​ တား​ဆီး​နိုင်​မည်​ဟု​ ​ယုံ​ကြည်​နေ​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here