​တ​ရုတ်​ဒဏ္ဍာ​ရီ​လာ​​ ​မျောက်​မင်း​ဝူ​ခုန်း​ဇာတ်​ကား​အား​ 3D​ Version​ ​ဖြင့်​​ ထုတ်​လုပ်​ရန်​စီ​စဥ်

alt

တ​ရုတ်​တို့​၏​​ ဒဏ္ဍာ​ရီ​လာ​ ​စွမ်း​အား​ရှင်​မျောက်​မင်း​​ စွန်း​ဝူ​ခုန်း​ ​ဇာတ်​ကား​ကို​ 3D​ Version​အ​ဖြစ်​ ထုတ်​လုပ်​ရန်​​ စီ​စဥ်​နေ​ရာ​ ​ထို​ဇာတ်​ကား​တွင်​ ​မင်း​သား​ ​ချောင်​ယွင်​ဖတ်​ ​ပါ​ဝင်​မည်​ဟု​ ​သိ​ရ​သည်​။​

​ဟောင်​ကောင်​ရှိ​ Filimko​ Pictures​​ က​ ​ရိုက်​ကူး​ရန်​ ​စီ​စဥ်​နေ​သည့်​ The​ Monkey​ King​​ ဇာတ်​ကား​တွင်​ ​ချောင်​အ​ပြင်​ ​အေ​ရွန်​ကွော့​၊​ ​ပီ​တာ​ဟို​နှင့်​ ​ဂျို​ချန်း​တို့​လည်း​ ​ပါ​ဝင်​မည်​ဖြစ်​သည်​။​ ​ယွမ်​ငွေ​ ​၄​ ​ဘီ​လျံ​ ​အ​ကုန်​အ​ကျ​ခံ​ ​ရိုက်​ကူး​မည့်​ ​ဇာတ်​ကား​ကို​ ​အ​သက်​ ​၄၇​ ​နှစ်​ရှိ​ ​ဒို​နီ​ယန်း​က​ ​ဒါ​ရိုက်​တာ​အ​ဖြစ်​ ​တာ​ဝန်​ယူ​မည်​ဖြစ်​သည်​။​ ​အ​သက်​ ​၅၅​ ​နှစ်​ရှိ​ပြီ​ဖြစ်​သော​ ​ချောင်​က​ ​နတ်​ဘု​ရား​များ​၊​ ​လူ​သား​များ​နှင့်​ ​မ​ကောင်း​ဆိုး​ရွား​များ​ ​အား​လုံး​ကို​ ​စိုး​စံ​နိုင်​သည့်​ ​ကျောက်​စိမ်းဧ​က​ရာဇ်​အ​ဖြစ်​ ​သ​ရုပ်​ဆောင်​သွား​မည်​ဟု​ ​သိ​ရ​သည်​။​

ယ​ခု​ဇာတ်​ကား​တွင်​ ​မျောက်​မင်း​ဇာတ်​ရုပ်​အ​တွက်​ ​တိ​တိ​ကျ​ကျ​ ​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​သော်​လည်း​ ​ကွော့​က​ ​ကျွဲ​နတ်​ဆိုး​ဘု​ရင်​အ​ဖြစ်​လည်း​ကောင်း​၊​ ​ဟို​က​ ​မျက်​စိ​သုံး​လုံး​ ​ပါ​ဝင်​သည့်​ ​အီ​ရင်​ရှန်​ ​နတ်​ဘု​ရား​အ​ဖြစ်​လည်း​ကောင်း​ ​သ​ရုပ်​ဆောင်​မည်​ဟု​ ​သိ​ရ​သည်​။​ Filmko​ Pictures​ ​က​ ​နောက်​ထပ်​ ​ဇာတ်​ကောင်​သစ်​များ​အ​တွက်​ ​ပါ​ဝင်​မည့်​သူ​များ​ကို​ ​ကြေ​ညာ​သွား​မည်​ဟု​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here