နေ​အိမ်​အ​ကျယ်​ချုပ်​ဖြင့်​ ​ထိန်း​သိမ်း​ခံ​ထား​ရ​သည့်​ ​တ​ရုတ်​နို​ဘယ်​ဆု​ရှင်​၏​ဇ​နီး​က​ ​အ​စိုး​ရ​ကို​ဝေ​ဖန်

alt

မိ​မိ​အား​ ​နေ​အိမ်​အ​ကျယ်​ချုပ်​ဖြင့်​​ ဖမ်း​ဆီး​ထား​သည့်​ ​တ​ရုတ်​အာ​ဏာ​ပိုင်​များ​ကို​​ ယ​ခု​နှစ်​ ​ငြိမ်း​ချမ်း​ရေး​​ နို​ဘယ်​ဆု​ရှင်​၏​ ​ဇ​နီး​က​​ ဝေ​ဖန်​လိုက်​သည်​။​ ​လျူ​ဇီ​ယာ​သည်​ ​ပြီး​ခဲ့သည့်​ ​သီ​တင်း​ပါတ်​က​ ​ခင်​ပွန်း​သည်​အား​ ​ထောင်​ထဲ​တွင်​ ​သွား​ရောက်​တွေ့​ဆုံ​ခွင့်​ ​ရ​ခဲ့​ပြီး​နောက်​ပိုင်း​ ​နေ​အိမ်​အ​ကျယ်​ချုပ်​ ​ကျ​ခံ​နေ​ရ​ခြင်း​ဖြစ်​သည်​။​

​လျူ​ဇီ​ဘို​အား​ ​နော်​ဝေး​အ​ခြေ​စိုက်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​ယ​ခု​နှစ်​အ​တွက်​ ​ရွေး​ချယ်​ခဲ့​ခြင်း​ကို​ ​တ​ရုတ်​အ​စိုး​ရ​က​ ​အ​ပြင်း​အ​ထန်​ ​ကန့်​ကွက်​ထား​ပြီး​ ၎င်း​၏​ဇ​နီး​ကို​လည်း​ ​နော်​ဝေး​မှ​ ​ဆု​ရွေး​ချယ်​ရေး​ ​တာ​ဝန်​ခံ​များ​နှင့်​ ​တွေ့​ခွင့်​မ​ရ​ရန်​ ​တား​မြစ်​ပိတ်​ပင်​ထား​ခြင်း​ဖြစ်​သည်​။​ ​ဇီ​ဘို​သည်​ ​တ​ရုတ်​အ​စိုး​ရ​အား​ ​ဆန့်​ကျင်​သည့်​ ​လူ့​အ​ခွင့်​အ​ရေး​ ​ကြေ​ညာ​ချက်​တစ်​စောင်​ ​ထုတ်​ပြန်​ခဲ့​မှု​အ​တွက်​ ​ထောင်​ဒဏ်​ ​၁၁​ ​နှစ်​ ​ကျ​ခံ​နေ​ရ​သည်​။​ ဇီ​ယာ​က​ ​သူ​မ​အား​ ​နော်​ဝေး​သံ​ရုံး​မှ​ ​တာ​ဝန်​ရှိ​သူ​ ​နှစ်ဦး​တို့​ ​အောက်​တို​ဘာ​ ​၁၂​ ​ရက်​နေ့​တွင်​ ​လာ​ရောက်​တွေ့​ဆုံ​ရန်​ ​ကြိုး​ပမ်း​ခဲ့​သော်​လည်း​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​က​ ​သူ​မ​၏​ ​တိုက်​ခန်း​ရှေ့​မှ​ ​တား​မြစ်​ခဲ့​သ​ဖြင့်​ ​လက်​လျှော့​ခဲ့​ရ​ကြောင်း​ Twitter​​ မှ​တ​ဆင့်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​

​ဇီ​ယာ​က​ ​တ​ရုတ်​အ​စိုး​ရ​က​ ​သူ​မ​အား​ ​ယ​ခု​လို​ ​အ​ကျယ်​ချုပ်​ ​ချ​ထား​မှု​ကို​ ​အ​ပြင်း​အ​ထန်​ ​ဆန့်​ကျင်​ကြောင်း​ Twitter​ ​တွင်​ အ​ရေး​ဆို​ထား​သည်​။​ ​ဘေ​ဂျင်း​မြို့​တော်​ ​ရဲ​တပ်​ဖွဲ့​က​ ​ဇီ​ယာ​အား​ ​အ​ကျယ်​ချုပ်​ဖြင့်​ ​ထိန်း​သိမ်း​ထား​မှု​နှင့်​ ​စပ်​လျဥ်း​ပြီး​ မှတ်​ချက်​ပေး​ရန်​ ငြင်း​ဆို​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here