သ​မီး​ဖြစ်​သူ​ကို​​ သတ်​ဖြတ်​ပြီး​​ ရေ​ခဲ​သေ​တ္တာ​အ​တွင်း​​ ထ​ည့်​သိမ်း​ထား​သူ​အား​ ထောင်​ဒဏ်​တစ်​သက်​ ချ​မှတ်

alt

သ​မီး​ဖြစ်​သူ​အား​​ သတ်​ဖြတ်​ကာ​ ​အ​လောင်း​ကို​​ ရေ​ခဲ​သေ​တ္တာ​ထဲ​ ​ထည့်​သိမ်း​ထား​သူ​ ​တစ်ဦး​အား​ ​ထောင်​ဒဏ်​တစ်​သက်​ ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ကယ်​လီ​ဖိုး​နီး​ယား​တွင်​ ​အ​ကြီး​စား​ ​မော်​တော်​ကား​တစ်​ခု​ကို​ ​အိမ်​သ​ဖွယ်​ထား​ရှိ​ကာ​ ​နေ​ထိုင်​သည့်​ ​

က​လဲ​ရင့်​ဘတ်​တာ​ဖီး​အား​ ​ယ​ခု​ပြစ်​ဒဏ်​ ​ချ​မှတ်​ကြောင်း​ ​ပြည်​နယ်​တ​ရား​သူ​ကြီး​ ​ဖ​ရန်​ဆက်​စ​ကို​ဘ​ရက်​ဆီ​နို​က​ ​အ​တည်​ပြု​ ​ပြော​ကြား​သွား​သည်​။​

အ​သက်​ ​၅၇​ ​နှစ်​အ​ရွယ်​ ​လက်​သ​မား​ဟောင်း​သည်​ ​သ​မီး​ဖြစ်​သူ​ ​ရီ​ဘက်​ကာ​ဘက်​တာ​ဖီး​အား​ ​သတ်​ဖြတ်​ခဲ့​မှု​အ​တွက်​ ​ကျ​ခံ​ရ​သော​ ​ပြစ်​ဒဏ်​မှ​ ​လျှော့​ရက်​ပင်​ ​ရ​မည်​မ​ဟုတ်​ဟု​ဆို​သည်​။​ ၎င်း​သည်​ ​ရီ​ဘက်​ကာ​အား​ ​အ​လွန်​နှိပ်​စက်​ ​ညှင်း​ပန်း​လေ့​ရှိ​ပြီး​ ​​သေ​နတ်​နှင့်​ ​ပစ်​သတ်​သည်အ​ထိ​ ​ဖြစ်​ခဲ့​ကြောင်း​ ​အ​စိုး​ရ​ရှေ့​နေ​များ​က​ဆို​သည်​။​ ​သို့​သော်​လည်း​ ​က​လဲ​ရင့်​က​ ​၂၀၀၆​ ​ခု​နှစ်​၊​ ​ခ​ရစ်​စ​မတ်​နေ့​ ​မ​တိုင်​မီ​ ​တစ်​ရက်​တွင်​ ​အ​သက်​ ​၂၁​ ​နှစ်​ရှိ​ ​ရီ​ဘက်​ကာ​ ​သေ​ဆုံး​နေ​သည်​ကို​ ​မြင်​ခဲ့​ရ​ကြောင်း​၊​ ​ယင်း​မှာ​ ၎င်း​၏​ ​လက်​ချက်​မ​ဟုတ်​ကြောင်း​ ​ငြင်း​ဆန်​ခဲ့​သည်​။​ ၎င်း​သည်​ ​ရီ​ဘက်​ကာ​၏​ ​အ​လောင်း​ကို​ ​၂​ နှစ်​ ​မျှ​ကြာ​အောင်​ ​ကား​အ​တွင်း​ရှိ​ ​ရေ​ခဲ​သေ​တ္တာ​ထဲ​ ​ထည့်​ထား​ခဲ့​ရာ​ ​၂၀၀၈​ ​ခု​နှစ်​၊​ ​စက်​တင်​ဘာ​လ​ကျ​မှ​ ​ရဲ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​အ​လောင်း​မှာ​ ​သေ​နတ်​ဒဏ်​ရာ​ ​၇​ ​ချက်​ရ​ရှိ​ထား​သည်​ဟု​ဆို​သည်​။

​နီ​ဗား​ဒါး​သို့​ ၎င်း​၏​ကား​အိမ်​ဖြင့်​ ​ရောက်​ရှိ​လာ​စဥ်​ ​လမ်း​ပိတ်​ဆို့​မှု​တစ်​ခု​ကြောင့်​ ​အ​ငြင်း​ပွား​ ​ရန်​ဖြစ်​ရာ​မှ​ ​ရဲ​များ​က​ ​မ​မျှော်​လင့်​ဘဲ​ ၎င်း​၏​ ​သ​မီး​အ​လောင်း​အား​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ရဲ​များ​က​ ​က​လဲ​ရင့်​သည်​ ​ဇ​နီး​ဟောင်း​ဖြစ်​ပြီး​ ​ရီ​ဘက်​ကာ​၏​ ​မိ​ခင်​ဖြစ်​သူ​ ​ကက်​သ​ရင်း​ဘက်​တာ​ဖီး​ကို​လည်း​ ​အ​လွ​န်​အ​ကျွံ​ ​နှိပ်​စက်​မှု​များ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​စစ်​ဆေး​တွေ့​ရှိ​ခဲ့​သည်​။​ ​ယင်း​ဒဏ်​ကို​ ​မ​ခံ​နိုင်​သည့်​ ​ကက်​သ​ရင်း​သည်​ ​၂၀၀၄​ ​ခု​နှစ်​က​ ​က​လဲ​ရင့်​အား​ ​စွန့်​ခွာ​ထွက်​ပြေး​သွား​ခဲ့​ပြီး​ ​ထို့​နောက်​တွင်​မူ​ ​က​လဲ​ရင့်​သည်​ ​သ​မီး​ဖြစ်​သူ​အား​ ​ပို​မို​နှိပ်​စက်​ညှင်း​ပန်း​မှု​များ​ ​ပြု​လုပ်​လာ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here