က​မ္ဘာ့​အရပ်​အ​ပု​ဆုံး​လူ​သား​​ ​လ​စဥ်​ထောက်​ပံ့​ကြေး​​ ​ရ​ရှိ​မည်

alt

ကမ္ဘာ့အရပ် အပုဆုံး လူသားဖြစ်သူ ခါဂျန်ဒရာ သာပါမာဂါသည် လစဥ် ထောက်ပံ့ကြေး ရရှိ သွားမည် ဖြစ်သည်။ Top T ပုဂ္ဂလိက ကုမ္ပဏီက မကြာသေးမီ အသက် ၁၈ နှစ် ပြည့်စဥ်က ကမ္ဘာ့ အရပ်အပုဆုံး လူသား ဘွဲ့ထူးကို တရားဝင် ရရှိခဲ့သည့်

ခါဂျန်ဒရာကို တစ်လလျင် ရူပီး ၅၀၀၀ စီ ထောက်ပံ့ သွားမည်ဟု ကတိ ပြုထားသည်။

ကုမ္ပဏီက ခါဂျန်ဒရာ အတွက် လတိုင်း ငွေကြေး ပေးအပ်သွားမည်ဟု ကြေညာ ခဲ့သလို ဆာရာဝေါ့သီရှိ အထက်တန်းကျောင်း တစ်ခု ကလည်း ခါဂျန်ဒရာ အတွက် အပြည့်အဝ ပညာသင်ကြေး ပေးသွားမည်ဟု ပြောကြား ခဲ့သည်။ ကျောင်းအုပ်ကြီး ဒါဂ်ဘာဒါသာပါက အရပ် ၂၂ လက်မသာ ရှိသည့် ခါဂျန်ဒရာ အတွက် စကောလားရှစ် အစီအစဥ်ကို အတည်ပြု ကြေညာ ပေးခဲ့သည်။

ခါဂျန်ဒရာသည် အောက်တိုဘာ ၁၄ ရက်နေ့က အသက် ၁၈ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ကမ္ဘာ့အရပ်အပုဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်းစာအုပ်၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here